အပိုင်း ၅။ အရိုးဓားသွားဖန်တီးခြင်း
"ရတနာသေတ္တာ? သားရဲတွေကိုသတ်ပြီး ရတနာသေတ္တာတွေ ပေါ်လာလိမ့်မယ်လို့ ငါထင်မထားဘူး။ ဒါကဘာဖြစ်လို့ online game တစ်ခုနဲ့ တူလာရတာလဲ?
ရတနာသေတ္တာအား အစက တိုက်ရိုက်ဖွင့်ချင်သော်လည်း ယဲ့ချန်သည် ရုတ်တရက် တစ်ခုခုကို သတိရသွား၍ သေတ္တာအား စိုက်ကြည့်လိုက်သည်။ ခဏအကြာတွင် ရွှေရောင်စာလုံးများ ထပ်၍ ပေါ်လာသည်။
[ဘေးကင်းသော သစ်သားရတနာသေတ္တာ: အစားအစာ၊ ရေ၊ ပစ္စည်းအချို့နှင့် ပုံကြမ်းတစ်ရွက် ပါဝင်သည်။]
"ဘေးမကင်းတဲ့ သစ်သားရတနာသေတ္တာတွေရောရှိသေးတာလား?"
ဤအရာကိုမြင်ပြီး ယဲ့ချန်သည် ရွှေလက်ချောင်းအားပိုင်ဆိုင်ရခြင်းအတွက် အရမ်းဝမ်းမြောက်နေမိသည်။ မဟုတ်လျှင် အန္တရာယ်ရှိသော သေတ္တာများကို ဖွင့်မိပါက ဒုက္ခများသွားနိုင်သည်။ ထို့ကြောင့် တောထဲရှိအရာများမှာ အန္တရာယ်ရှိသည့်ပုံ မပေါ်လျှင်တောင်မှ သတိကြီကြီးထားရမည့် အသိဝင်သွားသည်။
သစ်သားသေတ္တာသည် အန္တရာယ်မရှိကြောင်း မြင်ထားသဖြင့် ယဲ့ချန်က တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့၌ အမှန်တကယ်ပင် item သုံးခုပေါ်ထွက်လာသည်။ 1 လီတာ စာကပ်ထားသော ရေဘူး၃လုံး။ ကလေးလက်သီးဆုပ်အရွယ်ရှိသော အနီရောင် ကျောက်တုံး၁တုံးနှင့် သာလွန်အဆင့်အရိုးဓားပုံကြမ်း ဟုခေါ်သည့် ပုံကြမ်းစာရွက် ၁ရွက် ပါဝင်သည်။
ထိုအရာများကိုမြင်ရပြီးနောက် ယဲ့ချန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ တောအုပ်ထဲရှိ ရေထဲတွင် အမည်မသိအရာဝတ္ထုများ ပါဝင်သည်။ အထူးနည်းလမ်းတစ်ခုခု မပါဝင်ဘဲ သူမသောက်ရဲပါ။ အနီရောင်ကျောက်တုံးသည် ဘာမှန်းသေချာမသိသော်လည်း မဆိုးမှာ သေချာသည်။
"ပုံကြမ်းတစ်ခုရရှိထားပါသည်။ အလိုလျောက်အသုံးပြုပါမည်လား?"
စနစ်၏အသံထပ်မံပေါ်ထွက်လာသည်။
ယဲ့ချန်မျက်ခုံးများမြင့်တက်သွားသည်။
YOU ARE READING
ရှေးဦးခေတ်ဝယ်ဇာမဏီကိုမွေးမြူမယ်
FantasyTitle - Desolate Era: Hatching a Phoenix at the beginning Writer - Canopy Translator - Baby Knight Total chapters - 252 ကမ္ဘာတစ်ဝှမ်းတွင် ငလျင်ကြီးတစ်ခုလှုပ်ခတ်ပြီးနောက် လူသားအားလုံးကို ရှေးဦးခေတ် ကမ္ဘာတစ်ခုသို့ သယ်ဆောင်သွားသည်။ လူသားများသည် ကမ္ဘာအသ...