6

209 30 2
                                    

အပိုင်း ၆။ သွေးဆာနေသောသိမ်းငှက်အားတိုက်ခိုက်ခြင်း

"ဂေ့... ဟော့ပေါ့လေးသာ လုပ်စားလိုက်ရရင် ပိုကောင်းမှာကွာ"

သူတို့နှစ်ယောက်သည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း ယဲ့ချန်က မူးယစ်နေသောလေသံဖြင့် ပြောသည်။ အထူးသဖြင့် ဇာမဏီငှက်မှာ အလွန်အကျွံ စားထားခြင်းကြောင့် ဗိုက်ဖောင်းကားနေပြီး တောင်ပံခတ်လိုက်ချိန်တွင် နတ်သားရဲတစ်ကောင်နှင့် မတူအောင် ချစ်ဖို့ကောင်းနေသည်။

"စားဖို့သောက်ဖို့ကတော့ ဖြေရှင်းပြီးသွားပြီ။ ရုပ်တုတိုင်ချပြီး အိမ်ဆောက်လို့ကောင်းမဲ့ နေရာရှာဖို့ အချိန်ပဲ"

မဟုတ်လျှင် သုံးရက်တာအကာအကွယ်ကာလ ကုန်ဆုံးသွားချိန်တွင် လေဟာပြင်၌ စားလိုက် အိပ်လိုက် လုပ်နေရလိမ့်မည်။ ထိုသို့ဖြစ်ပါက အန္တရာယ်ရှိနိုင်သည်။ စနစ်၏အဆိုအရ လူတစ်ယောက်သည် သူ၏နယ်မြေကို ဆယ်ကြိမ်အထိ ရွှေ့ပြောင်းနိုင်သည်။ မစိုက်ထူသေးသ၍ ဤရုပ်တုတိုင်အားသိမ်းဆည်းထားနိုင်သည်။

မျိုးနွယ်စုရုပ်တုတိုင်အား ထုတ်လိုက်ရင်း ယဲ့ချန်က တွေးမိလိုက်သည်။ မျိုးနွယ်စု၏ တည်နေရာက အရေးကြီးဆုံးပင်။ ပတ်ဝန်းကျင်အနေအထား၊ မြေဆီလွှာ၊ သို့မဟုတ် မြေမျက်နှာသွင်ပြင် အနေအထား စသည်ဖြင့် လိုအပ်ချက်များ များပြားသည်။ ကျယ်ပြောလှသော တောအုပ်အကြောင်း အများကြီးမသိသောကြောင့် ယဲ့ချန်သည် သူ၏ ရွှေလက်ချောင်းများကိုသာ အားကိုးတော့မည်။

ခဏအကြာ၌ ရွှေရောင်စာလုံးများ ထပ်မံပေါ်ထွက်လာလေသည်။

[မျိုးနွယ်စုရုပ်တုတိုင်: မျိုးနွယ်စုတစ်ခုတည်ထောင်ရန် သွေးစက်တစ်စက်ချပါ]

[လျှို့ဝှက်အထောက်အကူစာသား: ယခုနေရာချပါက နှစ်ရက်အတွင်း ရှေးဟောင်းအမွှေးရှည် ဆင်ကြီး၏ နင်းခြေဖျက်စီးခြင်းကိုခံရမည်]

[လျှို့ဝှက်အထောက်အကူစာသား: အရှေ့ဘက်မိုင် 100 သို့ဆက်သွားပါက အသင့်တော်ဆုံး နေရာတစ်ခုရှိသည်]

ရွှေရောင်စာသားကိုမြင်မှ ယဲ့ချန်စိတ်သက်သာရာရသွားသည်။ သူထင်သည့်အတိုင်းပင် သူ၏ ရွှေလက်ချောင်းသည် ဤ item အပေါ်တွင်လည်း သက်ရောက်မှုရှိလေသည်။

You've reached the end of published parts.

⏰ Last updated: Aug 06 ⏰

Add this story to your Library to get notified about new parts!

ရှေးဦးခေတ်ဝယ်ဇာမဏီကိုမွေးမြူမယ်Where stories live. Discover now