2

179 24 0
                                    

အပိုင်း ၂။ လျှို့ဝှက်သဲလွန်စ၊ နတ်သားရဲအားစောင့်ဆိုင်းခြင်း!

ကမ္ဘာ့စကားပြောခန်းထဲ၌ အကောင်းဆုံးသန္ဓေပြောင်းသားရဲအား ပြနေသော လူတစ်ယောက်အား ယဲ့ချန်သတိထားမိသွားသည်။ ၎င်းမှာ B-Rank သိုးပေါက်လေး တစ်ကောင်ဖြစ်သည်။ ကနဦးစွမ်းရည်များမှာ F-Rank သန္ဓေပြောင်းသားရဲတစ်ကောင်ထက် အဆတစ်ရာလောက် သာသည်။ ထိုကဲ့သို့ခြားနားချက်က မယုံနိုင်လောက်အောင်ပင်။

အများစုမှာ C, D, E, နဲ့ F အဆင့်သန္ဓေပြောင်းသားရဲတွေပေါက်ကြပြီး ကမ္ဘာ့စကားပြောခန်း၌ လာငိုကြသည်။ ကမ္ဘာ့စကားပြောခန်း၌ တစ်နေ့လျှင် စာသုံးကြောင်းသာ ပို့နိုင်သည်ဆိုသော အချက်ကြောင့်သာ မဟုတ်လျှင် တစ်ကမ္ဘာလုံးပတ်ဆဲဆိုနေကြမှာ အမှန်ပင်။

ယခုအချိန်၌ ကမ္ဘာပေါ်တွင်လူပေါင်းသန်းထောင်နှင့်ချီရှိနေပြီး အကယ်၍ A-Rank သားရဲ တစ်ကောင်မှ မပါဘူးဆိုလျှင် စနစ်၏ချို့ယွင်းချက်ဟု ပြောနိုင်သည်။ A-Rank သားရဲပေါက်ကြောင်း ထုတ်ကြွားမိပါက ပစ်မှတ်ထားခံရမည်ကိုစိုးရိမ်သည့်အတွက် ပိုင်ရှင်မှ ဖုံးကွယ်ထားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ A-Rank သားရဲမှာ တစ်ကယ်ကို စွမ်းအားကြီးပြီး အကယ်၍ S-Rank သားရဲပိုင်ဆိုင်ထားသူ တစ်ဦးမှအလိုရှိပြီးလုယူသွားလျှင် သွားတိုင်လို့ရမည့်နေရာ မရှိပါ။

ယဲ့ချန်သည် အသက်ကိုဝဝရှူလိုက်ပြီး ကမ္ဘာ့စကားပြောခန်းအား ပိတ်လိုက်သည်။ ဒေသတွင်း စကားပြောခန်းအား ဝင်ကြည့်လိုက်သော်လည်း ထိုနည်းတူပင်။ သို့ရာတွင် မိုင်တစ်သောင်း ပတ်လည်အတွင်းတွင်ရှိသည့်လူနှင့်သာ ပြောဆိုနိုင်သည်။

သူသည်စနစ်မျက်နှာပြင်အားပိတ်လိုက်ပြီး ကုန်သွယ်ရေး Channel ထဲသို့ ဝင်ကြည့်လိုက်သည်။ Item များလဲလှယ်ခြင်း၊ ပို့ဆောင်ခြင်းများပြုလုပ်ရာတွင် အသုံးပြုသည်ကို သိရှိပြီးနောက် ထပ်မံ၍စိတ်ဝင်စားခြင်း မရှိတော့ပါ။

ယဲ့ချန်သည် သူ၏ရှေ့တွင်ရှိသော သန္ဓေပြောင်းသားရဲဥအား စိတ်လှုပ်ရှားစွာဖြင့်ကြည့် လိုက်သည်။

"ရှေးဦးခေတ်က အရာအားလုံးကိုရောလိုက်ပြီးတော့ အကုန်လုံးကိုအသစ်ကနေ ပြန်စပေးတယ် ဆိုပေမယ့် ငါ့ရဲ့မကောင်းတဲ့ကံနဲ့တော့ သန္ဓေပြောင်းသားရဲကောင်းကောင်းရဖို့ ခက်ခဲဦးမှာပဲ"

ရှေးဦးခေတ်ဝယ်ဇာမဏီကိုမွေးမြူမယ်Where stories live. Discover now