အင်တာဗျူး

135 18 0
                                    

"အင်တာဗျူးအရင်စမယ်နော် ဂျဲနို ssi ~ အဆင်ပြေရဲ့လား"

"နည်းနည်းတော့ ရင်တုန်နေတယ်ဗျ"

"အဆင်ပြေသွားမှာပါ"

ဇာတ်ညွှန်းဆရာမက ပြုံးစိစိပြောနေပေမယ့် သူကတော့ တကယ်မပြုံးနိုင်တော့ဘူး ။

ဂျဲနိူက ဘယ်သူတွေပါမှာမှန်းလဲမသိရဘူး သူ့ရည်းစားဟောင်း ငါးယောက်ပါမယ် ။ အဲ့သည်းငါးယောက်ကလည်း ပရိုဂျူဆာက သူ့ဟာသူနီးစပ်ရာတွေဆီ စုံစမ်းပြီး ရွေးထားတာ ။ အဲ့ထဲကနေ တတိယ round ကနေစပြီး သူကလူတွေကိုဖြုတ်ခွင့်ရှိတယ် ။ သိထားတာ ဒီလောက်ထိပဲ ...။

အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ မလာဖြစ်လောက်မယ့်လူတစ်ယောက်ကို ဂျဲနိုတိတ်တိတ်လေးလွမ်းနေမိသည် ။

နောက်ဆုံး ရည်းစားဟောင်း ... ဘာလို့မှန်းမသိပေမယ့် ဒီလိုခေါ်ရတာ ရယ်စရာကောင်းသလို တစ်ချိန်ထဲမှာပဲ မျက်ရည်ဝဲစေတာ ။

တကယ်တော့ သူလွမ်းနေတာက အပြင်ဘဝမှာဖြစ်ခဲ့ဖူးတဲ့ နောက်ဆုံးရည်းစားဟောင်းမဟုတ်ပဲ သူ့ရင်ထဲမှာသာ ပထမဆုံးနှင့်နောက်ဆုံးလို့ ရည်ရွယ်ဖူးတဲ့ လူကိုသာ ။

ဂျဲနိုက စိတ်ကစားတဲ့ဆယ်ကျော်သက်အရွယ်ထဲက ရည်းစားတွေအများကြီးထားခဲ့တာ ... ကောင်လေးတွေရော ၊ ကောင်မလေးတွေရော ။

အထက်တန်းနောက်ဆုံးနှစ်ကာလကနေစပြီးတော့ တက္ကသိုလ်ကနေ အလုပ်ဝင်တဲ့အထိ နှစ်ရှည်တွဲခဲ့ဖူးတာတော့ တစ်ယောက်ပဲရှိသည် ။

သူနဲ့ပြတ်ပြီးနောက်ပိုင်း ရည်းစားမထားဘူးလားဆိုတော့လည်း သူနဲ့တူတဲ့တစ်ယောက်နဲ့အစားထိုးခဲ့ဖူးသည် ။

အဲ့တစ်ယောက်နဲ့က နှစ်လတာသာ တွဲခဲ့ပြီး ခြောက်နှစ်ဆိုတဲ့ကာလကို ဖြတ်သန်းခဲ့ဖူးသောလူတစ်ယောက်နှင့် ဘယ်လိုမှမတူနိုင်တာသိတဲ့အခါ လမ်းခွဲလိုက်ခြင်းဖြစ်သည် ။

ခြောက်နှစ်တာကာလပတ်လုံး ငိုခြင်း၊ရယ်ခြင်း၊ ဖေးမခြင်းတွေနဲ့ပြည့်နှက်ခဲ့တဲ့ ဂျဲနိုရဲ့ ရည်းစားဇာတ်လမ်းက အဆုံးသတ်ဖို့ 'လမ်းခွဲမယ်' ဆိုတဲ့ စကားလုံး သုံးလုံးသာလိုခဲ့သည် ။

My Favorite Ex : survival show Where stories live. Discover now