ကတိ + 1st challenge

162 17 3
                                    

*Back To Me is literally Jeno's pov"

"နောက်နာရီဝက်နေရင် ရိုက်ကူးရေးပြန်စပါမယ် အားလုံးအသင့်ပြင်ပေးထားပါ"

ထိုအသံတွေကြားလာတာနဲ့အမျှ ဂျယ်မင်းပိုတုန်လှုပ်လာရသည် ။ သူမျက်နှာချင်းမဆိုင်နိုင်တော့ဘူး ။

"ကော်ဖီ"

အသင့်သောက်ကော်ဖီဘူးလေးကို လက်လှမ်းပေးနေတဲ့ဂျဲနိုက သူသိခဲ့တဲ့အထက်တန်းကျောင်းသားမဟုတ်တော့ဘူး ။ သူငယ်ချင်းလည်း မဟုတ် ၊ ချစ်သူလည်းမဟုတ်တဲ့ သူ့ရည်းစားဟောင်း ။

"အင်း ကျေးဇူးပဲ"

"လာမယ်မထင်ခဲ့ဘူး ဂျယ်မင်း"

ဂျယ်မင်းဘေးကခုံမှာ ဝင်ထိုင်နေတဲ့ဂျဲနိုက ခွင့်ပြုချက်ဆိုတာမလိုလားတဲ့ကိစ္စလိုပြုမူနေဆဲ ။

တကယ်ဆို စည်းတွေခြားခဲ့ပြီ
သူတို့လည်းဝေးခဲ့ပြီ

"အဲ့လိုဖြစ်သွားလား လာခဲ့မိလို့တောင်းပန်ပါတယ်"

"ဘာလို့ မင်းပုံစံနဲ့မတူအောင်တောင်းပန်နေတာလဲ"

"အခုထိလား ဂျဲနို
အခုထိ ငါ့ကိုမုန်းနေတုန်းပဲလား"

"အင်း မုန်းတယ်"

"ငါသာ အဲ့အချိန်ကမင်းကိုလက်မလွှတ်ပေးခဲ့ရင်...."

ကြုံနေရတဲ့ လုပ်ငန်းတွင်းကပြသနာတွေ ၊ မိသားစုပြသနာတွေ ၊ social life ကပြသနာတွေကို မဖြေရှင်းနိုင်ဘူး လို့ အော်ပြောလိုက်ချင်ပေမယ့် တစ်ဖက်လူက လီဂျဲနိုဖြစ်နေတဲ့အခါ သူမပြောရက်ခဲ့တော့ပြန်ဘူး ။

"မဟုတ်ဘူး မင်းလက်လွှတ်ပေးခဲ့တာက ငါကောင်းဖို့ဆိုပြီးခေါင်းစဉ်တပ်လိုက်တာပေါ့ ... ကြည့်ပါအုံး နာဂျယ်မင်းမရှိတော့နဲ့နောက်ပိုင်းငါ့ဘဝကြီးက ကောင်းစားသွားလိုက်ပုံများ"

"မရွဲ့နဲ့ဂျဲနို ၊ မင်းပြောပုံက မသိရင်ငါကပဲ ဒီလမ်းခွဲမှုအတွက်ပျော်ရွှင်ခဲ့တဲ့ပုံစံနဲ့"

"မပျော်ခဲ့ဖူးလား ကိုယ့်ရဲ့ဂျယ်မင်းလေးက ၊
နှမြောစရာပဲ ကိုယ်ကမင်းအသစ်တောင်တွေ့နေပြီထင်တာ"

ဂျဲနိုပြောတဲ့စကားတွေက အရှိုက်ထိသွားလို့များလား ။ ဂျယ်မင်းက ထိုင်ခုံကနေ ဘာမှမပြောပဲထွက်သွားသည် ။

My Favorite Ex : survival show Where stories live. Discover now