"Truth or Drink ဆိုတဲ့အတိုင်း ဒီအစီအစဉ်မှာတော့ မေးတဲ့မေးခွန်းကိုဖြေဆိုခွင့်နဲ့ ငြင်းဆိုခွင့်ရှိပါတယ် ... တကယ်လို့မဖြေဆိုပဲ ငြင်းခဲ့မယ်ဆိုရင် အရှေ့က Soju နဲ့ Yogurt အတူ 2:1 အချိုးနဲ့ရောထားတဲ့ ခွက်တွေထဲကတစ်ခွက်ဟာ သင့်အပိုင်ဖြစ်သွားမှာပဲဖြစ်ပါတယ် ။ ဒါဆိုရင် အခုပဲစလိုက်ကြရအောင်"
"ဘယ်သူကစဖြေချင်ပါလဲ"
"ကျွန်တော်ပါ"
ဂျယ်မင်းရဲ့ တွန့်ဆုတ်နေတဲ့ပုံစံကိုကြည့်ပြီး ဂျဲနိုကပဲစဖြေပေးဖို့ဆုံးဖြတ်လိုက်တယ် ။
"ဟုတ်ပါပြီ ပထမဆုံးမေးခွန်းကို randomly အခုပဲရွေးလိုက်ပါပြီ ohhh ဒါကတော့ နည်းနည်း ... အင်း ဖြေရခက်မယ့်ပုံစံမျိုးပဲ"
မေးခွန်း ၁ - "ဒီလမ်းခွဲမှုနဲ့ပက်သက်ပြီး ပျော်ရွှင်ခဲ့တဲ့အချိန်မျိုးရှိခဲ့လား"
ဂျဲနိုရဲ့ခပ်ခြောက်ခြောက်ရယ်သံတွေက studio ထဲဖုံးလွှမ်းသွားသလိုပဲ ။
မပျော်ခဲ့ပါဘူးလို့အမှန်အတိုင်းပဲဖြေလိုက်ရမလား ဒါမှမဟုတ်
"ကျွန်တော် စသောက်လို့ရပြီလားဗျ"
သူ့လွန်ဆွဲနေတဲ့စိတ်တွေကို အတတ်နိုင်ဆုံးဖြတ်ချခဲ့လိုက်တယ် ။
ဂျယ်မင်းမျက်နှာပျက်သွားတာကို သူကိုယ်တိုင်မြင်လိုက်ရသလို ၊ မျှော်လင့်ထားသလိုမျိုးဖြစ်လာခဲ့ပေမယ့် မပျော်ပဲပူလောင်နေရသူက သူပါပဲ ။ ဒါကလည်း အခုခေတ် ဆိုဂျူတွေရဲ့ အယ်လ်ကိုဟော ပမာဏများပြားလာမှုကြောင့်ဖြစ်နိုင်ပါတယ် ။
"အခုကတော့ ဂျယ်မင်းအလှည့်ပါ"
မေးခွန်း၂ - "လမ်းခွဲခဲ့တဲ့နေ့က ဘယ်လိုခံစားခဲ့ရလဲ"
"ကျွန်တော်ကတော့ မသောက်ပဲဖြေလိုက်မယ်နော် ။ နှစ်ရှည်တည်ဆောက်တဲ့ relationship မျိုးမှာတော်တော်တော်များများက နားလည်မှုအများကြီးရှိတယ်ဆိုပြီးထင်ကြတယ် ။ ဒါတွေကတကယ်တမ်းကျတော့ မှားနေတယ်ဆိုတာကိုယ်တိုင်သိခဲ့ရပါတယ် ။ နားလည်မှုမရှိတော့တဲ့ relationship ကိုလက်လွှတ်လိုက်ရုံပါပဲ ... မဟုတ်မှ လမ်းခွဲပြီးကျွန်တော်ပျော်နေတယ်ဆိုတဲ့အဖြေမျိုးကြားချင်ခဲ့တာတော့ မဟုတ်ဘူးမလား"