အထက်တန်းရဲ့ နေ့ရက်တွေက
သာယာလွန်းပါတယ်
ပြန်မရနိုင်တဲ့ အမှတ်တရတွေအပြည့်ပျော်ရွှင်စရာမကောင်းတဲ့ ကျောင်းသားဘဝကိုသာ ပိုင်ဆိုင်ခဲ့ရတဲ့ ဂျယ်မင်းကတော့ ဘာကိုမှအပြစ်တင်မနေတော့ဘူး ။
ဒီတစ်နှစ်ပြီးရင် သူကျောင်းပြီးပြီ
တက္ကသိုလ်ဆိုတာကို တက်ခွင့်ရတော့မယ်
အနည်းဆုံးတော့ အထက်တန်းပြီးတဲ့ပျော်ရွှင်မှု
ဒါကလည်း ဘာနဲ့မှလဲလို့မရတဲ့ အရာတစ်ခု
တစ်နှစ်အတွင်းပိုင်ဆိုင်ရတော့မှာ
စဉ်းစားရုံနဲ့တင် ရင်ခုန်မိသည် ။ငယ်စဉ်တည်းက မူလတန်း ၊ အလယ်တန်းကနေ အခုအထက်တန်းရောက်တဲ့အထိ အမြဲတမ်း ကျောင်းပြောင်းလာခဲ့တဲ့ ဂျယ်မင်းအတွက် ငယ်သူငယ်ချင်းဆိုတာမျိုး မရှိ ။
အထက်တန်းရောက်ပြန်တော့လည်း သီးသန့်နေလာတာ အကျင့်ဖြစ်တဲ့ ဂျယ်မင်းဟာ ဘယ်သူနဲ့မှ ရောနောမနေတတ် ။
အဲ့လိုကနေမှတဆင့် နောက်ဆုံးပြီးခဲ့တဲ့ကျောင်းမှာ သူဟာ အတန်းရဲ့ အပယ်ခံနေရာကို မည်သို့မည်ပုံမှန်းမသိစွာပဲ လက်ခံရရှိခဲ့သည် ။
အားလပ်ချိန်မှာ ပုံဆွဲရတာ သဘောကျတဲ့ ဂျယ်မင်းက တိတ်တိတ်လေးနေတတ်တာ မထူးဆန်းပေမယ့် ဘေးလူတွေ အမြင်မှာတော့ လူထူးဆန်းတစ်ယောက်လိုပဲ ... အင်းပေါ့လေ အထက်တန်းကျောင်းသားတွေမလား
ဂိမ်းဆိုင်သွားကြ ၊ အတူလျှောက်လည်ကြ
ပြီးရင် အသက်မပြည့်သေးလို့ လုပ်ခွင့်မရတာတွေကို ဘယ်သူမှမသိအောင် ခိုးလုပ်ကြအဲ့လိုနဲ့ ပျော်ရွှင်စရာတွေဖန်တီးတတ်တဲ့ထဲ သူမပါတော့လည်း သူငယ်ချင်းမရှိတဲ့လူဖြစ်ခဲ့ရတာ
အခုတော့ ဒါတွေအားလုံးရဲ့နောက်ဆုံးနှစ်
အဲ့နှစ်မှာပဲ ကျောင်းအသစ်ကိုရောက်ခဲ့ရပြန်တယ် ။•••
"ဒီနေ့ဆရာတို့အတန်းကို ကျောင်းသားအသစ်ပြောင်းလာတယ် နှုတ်ဆက်လိုက်ပါအုံးကွယ်ကျောင်းသားလေး"
"နာဂျယ်မင်းလို့ခေါ်ပါတယ်"
တက်ကြွမှုမရှိ ၊ စိတ်လှုပ်ရှားမှုမရှိ
ပုံမှန်ဆန်တာမျိုးမဟုတ်ပဲ
ငြိမ်သက်နေတဲ့ရေပြင်အသွင်