မေးခွန်း(3 to 6)

136 19 4
                                    

စတုတ္ထမေးခွန်း : Jeno နဲ့လမ်းခွဲဖို့ ဆုံးဖြတ်ကြတုန်းက ဘယ်လိုခံစားခဲ့ရလဲ

Candidate 1
"အဲ့တုန်းက ပုံစံကနှစ်ယောက်စလုံးကြွက်စုတ်လေးတွေနဲ့တူသလိုပဲ ။ ပြန်ပြောရင် နာကျင်ရတာကလွဲပြီး ကျန်တာ ဆက်မဖြစ်တော့ဘူးလေ သိတယ်မလား ? ကောင်းကောင်းကြီးတော့ မှတ်မိနေတုန်းပဲ"

Candidate 3
"ဗလာဖြစ်သွားသလိုမျိုးပဲ အဲ့တုန်းက အသက်ရှူနေရဲ့လားတောင်မသိတော့ဘူး ။ ဘာလို့များ ဒီလောက်ထိ စွဲလမ်းနေလဲဆိုပြီးမေးရင်တော့ လီဂျဲနိုကို မေးကြည့်ပါလို့ပဲဖြေမိမယ်ထင်တယ် ။ သူ့လုပ်ရပ်တွေက အဲ့လောက်ထိတောင်နာကျင်စေခဲ့တာ"

Candidate 4
"အနီးစပ်ဆုံးဖြေရရင် ကျွန်တော့်ကို ခုချိန်မှာ သေမလား ၊ အဲ့အခိုက်အတန့်ဆီပြန်သွားမလားဆို ကျွန်တော်ပထမတစ်ခုကိုရွေးပါတယ်"

အကုန်လုံးရဲ့အဖြေကိုကြားပြီးတဲ့နောက်ပိုင်းမှာ ဂျဲနိုကသူ့ကိုယ်သူ မကောင်းတဲ့လူတစ်ယောက်လိုခံစားလိုက်ရတယ် ။

မဟုတ်သေးပါဘူး ... သူကိုယ်တိုင်ကတော့ ဂျယ်မင်းနဲ့လမ်းခွဲရတာကလွဲရင် ကျန်တာခေါင်းထဲမထည့်သလို ရှိလည်းရှိမနေခဲ့ဘူး ။

အီမင်ဂယူ ခင်များတကယ်ပဲ ဘယ်က ကျွန်တော့်ရည်းစားဟောင်းတွေကို ရွေးလာတာပါလဲ !!!

"ဂျဲနို ဘယ် Candidate ကိုဖြုတ်ချင်လဲ ပြောလို့ရပါပြီ"

"မဖြုတ်ပဲ ဆက်သွားရင်ရော?"

"ရပါတယ်
ဒါဆိုနောက်မေးခွန်းလေးဆက်သွားရအောင်"

_________ •••_________

ပဥ္စမ မေးခွန်း : Jeno သိထားတဲ့ ကိုယ်က သူများတွေနဲ့ကွဲထွက်နေမယ့် မကြိုက်တဲ့အရာတစ်ခု
(မကြိုက်တာချင်အတူတူ လူတော်တော်တော်များများကတော့ကြိုက်ပေမယ့် ကိုယ်ကမကြိုက်တာမျိုးကိုပြောတာပါ)

ဒီမေးခွန်းက Candidate တွေဘယ်သူပါလဲဆိုပြီး ဂျဲနိုခန့်မှန်းလို့ရမယ့် အခွင့်အရေးကြီးဖြစ်သည် ။

ဒီတစ်ခါ သူခန့်မှန်းတာလွဲခဲ့ရင်ရော ဆိုတဲ့အတွေးမျိုးထက် ... အဲ့ နှစ်ယောက်က တစ်ချိန်တည်း ဒီမှာရှိနေရရင်ရော ဆိုတဲ့အတွေးကပိုပြီးမွန်းကြပ်စေသည် ။

My Favorite Ex : survival show Where stories live. Discover now