1 (မြို့စားအဖြစ်ရောက်ရှိ)

1K 35 5
                                    

ကောင်ငယ်လေးတယောက်က ဖုန်းကိုလက်ထဲမှာကိုင်ထားရင်းနဲ့ကြည်နူးပီတိဖြာနေခဲ့တယ်။

''သူတို့နှစ်ယောက်ကတကယ်ချစ်ကြတာဘဲ....ငါသာဆိုလည်းရော်ဘင်ဟုကိုမချစ်ဘဲမနေနိုင်ဘူး.....''

ဒီအရွယ်ထိတောင် နတ်သမီးပုံပြင်တွေသဘောကျလှပါသည့်ထိုကောင်ငယ်လေးက ရော်ဘင်ဟုဒ်ရဲ့ ဇာတ်လမ်းကိုဖတ်လိုက် ဇာတ်လမ်းများကြည့်လိုက်နှင့် ရော်ဘင်ဟုဒ်နဲ့မာရီယန်တို့ရဲ့အချစ်ကိုဘေးကနေခံစားကြည်နူးနေရသည်။ အိပ်ယာပေါ်မှာလူးလှိိမ့်ရင်း ငါသာဆိုရင်ဆိုတဲ့အတွေးနဲ့ ဝင်ရောက်ခံစားနေမိသည်။

''ငါသာမာရီယာဆိုအစကတည်းကရော်ဘင့်ကိုလက်လွှတ်ပေးမှာမဟုတ်ဘူး.....ရော်ဘင်ဟုဒ်ကလည်းလက်မလွှတ်ပေးသင့်ဘူး....''

မာရီယန်က ရော်ဘင့်ကိုလမ်းခွဲ ပြီးနေခဲ့သေးသည်တဲ့လေ။ ဝေးလေပိုချစ်လေဆိုတာကြောင့်သူတို့ပိုချစ်လာတာကအမြတ်။

''တီး....တောင်.....''

တံခါးဝကလူခေါ်ဘဲလ်ကိုနှိပ်လိုက်တာကြောင့်ချက်ချင်းထပြီးတံခါးဝသို့အပြေးအလွှား။

သူမှာထားသည့်Pizzaရောက်လာပြီလေ။ ဒါမယ့် စားရကံမပါတာဘဲလား။ သူဖြစ်ကတတ်စမ်းချွတ်ထားတဲ့ရှူးဖိနပ်ကိုခလုတ်တိုက်ပြီးနဖူးနဲ့ကြမ်းပြင်ဆောင့်ပြီးအတော်မူးဝေသွားခဲ့သည်။

(နောက်တစ်ခေါက်ဖြစ်ကတတ်စမ်းမလုပ်တော့ဘူး)

(System: ကမ္ဘာမှာရှိသမျှ systemတွေထဲကမှ အကောင်းဆုံးသော system ဖြစ်တဲ့ Ron(ရွန်) systemမှကြိုဆိုပါတယ်)

အမြင်တွေအမှောင်ကျနေတဲ့အချိန်တွေးမိလိုက်တဲ့အတွေးနောက်က ကပ်ပါနေတဲ့အသံ။

(System: ဇာတ်လမ်းထဲမှကြိုဆိုပါတယ်...)

အို...။ သူ့နားကြားဘဲမှားသလား။ ခေါင်းတွေမူးဝေနေရင်းနဲ့မှအဲ့အသံကတဖြေးဖြေးပြတ်သားလာခဲ့တယ်။

''သူသတိရလာပြီ.....''

''ဒီတစ်ခေါက်ဖြစ်ခဲ့တဲ့အရာကသူ့ကိုအတော်အထိနာသွားစေတာဘဲ........''

ကြားနေရတဲ့အသံတွေအရသူ့အပြုံးတွေပွင့်လန်းလာခဲ့တယ်။ ဒါသူဖတ်ဖူးတဲ့ဝတ္ထုတွေ Ficတွေထဲကလို systemခရီးသွားပြီး ဇာတ်လိုက်ဖြစ်လာတာဘဲ ဖြစ်ရမယ်။
ယခုဖတ်နေတဲ့ဝတ္ထုကရော်ဘင်ဟုဒ်နဲ့မာရီယန်အကြောင်းဆိုတော့သေချာပေါက်ကို ရော်ဘင်ဟုဒ်ဝတ္ထုထဲရောက်လာတာဘဲ ဖြစ်ရမည်။

A Villain's Sacrifice (Complete)Where stories live. Discover now