24(အတွေးကိုယ်စီ၊ ခံယူချက်ကိုယ်စီ)

206 17 0
                                    

''မာရီယန်.....ကိုယ်ဒီမှာရှိနေလို့မရဘူး.....''

မာရီယန်က သူ့ကို လာတွေ့ပါသော်လည်းသူ့မှာပေးစရာအချိန်မရှိ။

''ကိုယ်....မြို့စားကိုစောင်ကြည့်ရမယ်.....''

''ကျမနားလည်ပါတယ်......ရှင့်ကိုမတွေ့တာကြာလို့စိတ်ပူတာပါ.......''

''အခုမပူနဲ့တော့ ဟုတ်ပြီလား.....''

မာရီယန်ရဲ့အပြောကိုပင် ပြန်နားမထောင်တော့ဘဲ မြို့စားရှိရာအခန်းဆီသို့အမြန်သွားရသည်။ အခုက ဝီလီတစ်ယောက်တည်းရှိနေသည်လေ။ ဟိုတခါကလိုလုပ်မှဖြင့်။

အိပ်ဆောင်ထဲရောက်တော့ ဝီလီကနှစ်နှစ်ခြိုက်ခြိုက်အိပ်နေလေသည်။

သူအိပ်ယာဘေးမှာဝင်ထိုင်လိုက်ပြီးပတ်တီးဖယ်ကာစ ဒဏ်ရာရ နဖူးလေးကို ကြည့်နေမိသည်။

ဒီဒဏ်ရာကရတဲ့အမာရွတ်ကတော့ပျောက်တော့မည်မထင်။ မြို့စားသတိရလာပြီးနောက်တစ်နေ့မှာပြောတဲ့စကားတွေ သူ့ခေါင်းထဲပြန်ရောက်လာသည်။

''ဟုဒ်....ငါ့ကိုသေချာသင်ပေးပါ...ငါ့ဒဏ်ရာသက်သာရင်ငါအကောင်းဆုံး....အ​မြန်ဆုံးတက်အောင်ကြိုးစားရတော့မယ်.....''

''ငါယူလာတဲ့အရုပ်လေးကို....ငါ့အစားဖွက်ပေးပါ....''

သစ်သားဓားမြှောင်လေး။ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ သစ်သားဓားမြှောင်လေးကို ဝီလီ့အစားသူကဖွက်ပေးခဲ့ရသည်။ သစ်သားဓားမြှောင်လေးက သူ့အတွက်ဘယ်လောက်အရေးပါနေပါသနည်း။

''ဝီလီ....မင်းက...မင်းအနားမှာရှိတဲ့လူတွေကို....ယိမ်းယိုင်အောင်လုပ်နိုင်သားဘဲ.......''

ဝီလီရဲ့ဒဏ်ရာရနဖူးလေးကိုသူတယုတယတမြတ်တနိုး ငုံ့နမ်းလိုက်ပါသည်။

သူ့ရဲ့အချစ်ကြောင့် မင်းရဲ့အမာရွတ်လေးပျောက်သွားပါစေလို့ဆုတောင်းရင်းပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

''သခင်.....သခင့်အမှတ်ကမကြာခင်ပြည့်တော့မယ်.....''

သူ့သခင်ကသူ့ကိုမကြည့်ပါဘဲအိပ်ယာထဲလူးလှိမ့်နေလေသည်။

ဒီရက်ပိုင်း သူစိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုတောင်မလုပ်ပါ။ ခေါင်းကိုက်သည်ဆိုလို့။

A Villain's Sacrifice (Complete)Where stories live. Discover now