23(ကိုယ်ပိုင်ခံစားချက်များ)

518 42 0
                                    

သူ့ခေါင်းမှဒဏ်ရာက ပြင်းထန်လွန်းသောကြောင့် သူရက်အနည်းငယ်ထပ်နားလိုက်ရပြန်သည်။ သူလေ့ကျင့်ရမယ့်အချိန်တွေအလကားဖြစ်သွားပြန်ပြီ။

''သခင်...သခင်....''

''ပြောလေ..Ronလေး....''

''သခင်ဒီလိုဖြစ်တာ......သားကြောင့်လား...''

သူအနည်းငယ်ရယ်လိုက်မိသည်။

''ဟုတ်တာပေါ့ခွေးပေါက်လေးရဲ့....မင်းပေးတဲ့ပေါက်ကရMissionကြောင့်ဖြစ်တာ....''

Systemပေါက်စလေးကမျက်ရည်များပင်ဝဲလာလေသည်။

''Ronလေး.....လာ....ဦးဦးနားလာ....''

ဟုဒ်စလေက ငိုမဲ့မဲ့ဖြစ်နေတဲ့Ronလေးကိုခေါ်သည်။ ဒါပေမယ့်Ronလေးကမလိုက်။

''သခင်....သားတောင်းပန်ပါတယ်......အဲ့လောက်ဖြစ်သွားမယ်မထင်ဘူး.....သားက....သခင့်ကို....''

သူ ကလေးရဲ့ပါးစပ်ကိုလက်နဲ့ကာလိုက်သည်။ ဒီထက်ထပ်​ပြောရင် သူတို့နှစ်ယောက်ဘဲသိတဲ့ကိစ္စတွေပါပါကုန်တော့မည်လေ။

''ဒါနဲ့Ronလေး.....အရှင်ရော....''

''အရှင်က....အရေးကြီးကိစ္စဆွေးနွေးဖို့သွားတယ်.....''

သူ့အနားမရှိနေပါသည့်အရှင့်ကိုသူမကျေနပ်ပါ။

''ဟုဒ်စလေ......ငါအရှင့်ဆီသွားချင်တယ်....လိုက်ပို့ပေး.....''

ရော်ဘင်စိတ်ပျက်စွာဖြင့်

''ဝီလီ....နေလည်းမကောင်းဘဲ သူများတကာဆွေးနွေးနေတာကိုဘာသွားနှောင့်ယှက်မှာလဲ.....''

မြို့စားကသူ့ကိုပြုံးပြကာ

''အရှင့်ကိုသွားတွေ့မှာလေ.....''

တကယ့်ကို မြို့စားကိုထိန်းမရပါ။

''သခင်....သခင်ကဘယ်လိုသွားမှာလဲ....''

''ငါလမ်းလျှောက်နိုင်ပါတယ်.....ဒီမှာနေခဲ့နော်...Ronလေး''

''ကိုယ်တွဲပေးမယ်....လာ...ထ..''

ကမ်းလာသည့်လက်ကိုကိုင်၍ထလိုက်တာ မိုက်ခနဲတောင်ဖြစ်သွားသည်။

''ဝီလီ......ရရဲ့လား....''

''ရတယ်...ရတယ်....အရှင့်ဆီသွားကြမယ်....''

A Villain's Sacrifice (Complete)Where stories live. Discover now