6(မင်းသားဂျွန်နဲ့မြို့စားတို့က နီးကပ်လွန်းတယ်)

684 52 1
                                    

သစ်ခုတ်သမားအဖြစ် ရော်ဘင်ဟုဒ်ဟာ စျေးထဲပတ်ပြီး အသီးအရွက် အဆာပလာတွေဝယ်နေရင်း အမြင်မတော်တာတစ်ခုကို မြင်လိုက်ရတယ်။

သူအဲ့ဒီနေရာအနားကိုသွားပြီး

''အဖိုး......အဆင်ရောပြေရဲ့လား....''

သူစိုးရိမ်စိတ်နဲ့မေးတော့အဖိုးကပြန်တောင်မဖြေနိုင်ရှာပါဘူး။ အတော်လေးမောပန်းနေတဲ့ပုံပါဘဲ။

''အဖိုး....ခဏနားမလား....ကျတော်ဆိုင်ကြည့်ပေးထားပါမယ်.....''

ပြောလည်းပြောရင်း လက်ထဲက စျေးဝယ်ထားတဲ့အထုပ်တွေကို လုံခြုံမယ့်နေရာချလိုက်ပြီး ဆိုင်ပိုင်ရှင်အဖိုးကို လဲလျောင်းလို့ရအောင် နောက်ကခုံတန်းပေါ်ကို အသာတကြည်လေးတင်ပေးလိုက်သည်။

''ကျေးဇူးပါလူလေးရယ်......''

''ရပါတယ်.....အနားယူပါ.....လုပ်အားခအဖြစ်တော့....အဖိုးရဲ့ဆိုင်က ပစ္စည်းတစ်ခုဘဲပေးလို့ရပါတယ်.....''

သူပြောလိုက်တော့အဖိုးကပြုံးပြီးလက်ခံလေသည်။

အဖိုးအိုအနားယူနေတော့ သူဆိုင်ဘက်လှည့်၍လာဝယ်မည့် သူများစောင့်သည်။

''အဖိုးရဲ့ကုန်ပစ္စည်းတွေကလှသား.....မာရီယန်အတွက်တစ်ခုယူထားရမယ်.....''

အလှဆုံးသော ကမာခွံလေးကိုသူကောက်ကိုင်လိုက်ပြီး သူစျေးဝယ်တဲ့အထုပ်လေးထဲကို ထည့်ထားလိုက်သည်။

ထို့နောက်တွင်တော့သူစောင့်နေတဲ့ဆိုင်လေးကိုရှားပါးဧည့်သည်ရောက်လာသည်။ အစတော့သူမျက်နှာကိုမကြည့် ထိုဧည့်သည်ရွေးနေသည်ကိုပင်ကြည့်နေမိခြင်း။

''ဂျွန်နသန်.......တစ်ခုလိုချင်လို့လား.....''

ဒီအသံ။ ဒီနာမည်။

''အင်း....ကိုယ်တော့်ကိုတစ်ခုလောက်ဝယ်ပေး.....''

သူတကယ့်ဟာတွေနဲ့မှလာတိုးနေသည်။ ဒါမင်းသားဂျွန်နဲ့ နော့်တင်ဟမ်မြို့စားဘဲသူမော့ကြည့်လိုက်တဲ့အချိန်မြင်ရတဲ့မြင်ကွင်းက သူ့ကိုအံ့သြမှုအပြည့်အဝပေးရှာသည်။

မင်းသားဂျွန်ကသာမန်အရပ်သားဝတ်စုံဝတ်ပြီး နော့်တင်ဟမ်မြို့စားမင်းရဲ့ ပခုံးပေါ်သို့ သူ့မေးကိုတင်၍မှီထားလေသည်။

A Villain's Sacrifice (Complete)Where stories live. Discover now