7(ကိုယ်တော့်ကိုကြည့်လှည့်ပါဦး)

692 49 1
                                    

မာရီယန်ဟာ သူ့အတွက်မြို့စားရွေးပေးခဲ့သော ကမာခွံလေးကိုဗူးလေးတစ်ခုထဲ ထည့်၍သိမ်းဆည်းထားလိုက်သည်။

''မာရီယန်.......မြို့စားက...နင့်အပေါ်အတော်လေး အလေးထားသားဘဲ.....ပါသွားလို့မဖြစ်ဘူးနော်....''

''အို....ကလခ်ရယ်....ကျမကိုအဲ့လိုမစနောက်စမ်းပါနဲ့......မြို့စားမင်းက စေတနာနဲ့ပါ....နောက်ပြီးဒါက....အခွန်ကောက်လိုက်ဖို့အတွက်ပါဘဲ....''

မိန်းမပျိုကလခ်က သူ့ထိုးလက်စ ချည်ကိုချထားခဲ့ပြီး ကြေးမုံရှေ့တွင်ထိုင်နေပါသော မာရီယန်ရဲ့ပခုံးကိုဖွဖွလေး ကိုင်လိုက်ပြီး

''အခွန်ကောက်တာလိုက်ဖို့အတွက်.......ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူးမဟုတ်လားမာရီယန်....ဘာလို့အခုမှ...သွားချင်ရတာလဲ......''

မာရီယန်ရဲ့ပါးမို့မို့လေးတွေကပန်းရောင်သန်းလာပြီး ပြတင်းပေါက်ရှိရာမျက်နှာမူလျက် အဝေးရှိချစ်သူကိုစိတ်ကူးဖြင့်ပွေ့ဖက်ရင်း

''သူနဲ့များတွေ့နိုင်မလားလို့ပါ....''

''ဟုတ်ပါပြီမာရီယန်ရယ်........အလှဆုံးပြင်သွားပေါ့...''

မာရီယန်ကပြုံးလိုက်ပြီး

''သူနဲ့သေချာပေါက်တွေ့ရမှာပါ......''

သူကံကြမ္မာထက် သူ(မ)နှင့်သူ၏ အချစ်ကိုပို၍ယုံပါသည်။

တွေ့ကိုတွေ့ရမည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

''ကိုယ်တော်က ဒီလောက်အန္တရာယ်များတာကို......ဘာအတွက်ခွင့်ပြုရမှာလဲ..''

သူအကျပ်ရိုက်နေလေပြီ။

(Ron: သခင်.....ဒါကြီးကတော့မဟုတ်သေးဘူးလေ.....ရော်ဘင်ဟုဒ်ကိုမကျေနပ်ပါဘူးဆိုနေ ဘယ်လိုလုပ် ရှားဝုဒ်သစ်တောထဲကို ပျော်ပွဲစားထွက်ချင်နေရတာလဲ....)

(ငါဒီဝတ္ထုကိုစဖတ်ကတည်းက မာရီယန်နဲ့ရော်ဘင်ဟုဒ်ရဲ့အချစ်ကိုသဘောကျခဲ့တာကွ.....အခု ငါဘယ်လောက်ဇာတ်ကြောင်းပြောင်းချင်​ပြောင်းချင်.......ရော်ဘင်နဲ့မာရီယန်က သေချာ​ပေါက်ကိုလက်တွဲရမယ်......ဒါကြောင့်သူတို့ပြန်တွေ့ဖို့အတွက်ငါစီစဥ်တာ....)

A Villain's Sacrifice (Complete)Where stories live. Discover now