အပိုင်း (၆)

1.1K 104 10
                                    

ဒေးစွန်ပါသို့ရောက်သည့်အခါ ဘုရားပေါ်တက်ရန် ရေစိုနေသော အင်္ကျီများကို အားလုံး လဲလိုက်ကြ၏။ ထို့နောက် ဘုရားပေါ်တက်ကြသည်။

ဘုရားပေါ်မတက်ခင်တွင် ပထမဆုံးမြင်ရသည်မှာ ဘုရားအဝင် မုခ်ဝတွင် “ဆုတောင်းပြည့်သမိုင်းဝင် ဒေးစွန်ပါစေတီတော်မြတ်ကြီး”ဟူ၍ ဖြစ်၏။ စောင်းတန်းအတိုင်း လှေကားထစ်များမှတစ်ဆင့် ဘုရားရင်ပြင်ပေါ်သို့ ချည်တို့ တက်ကြသည်။

ဘုရားစောင်းတန်းတစ်လျှောက်၏ ဘေးတွင်လည်း အမှတ်တရလက်ဆောင်များ ရောင်းသော ဈေးဆိုင်လေးလေးများလည်း ရှိ၏။ နတ်နန်း၊ သိုက်နန်းနှင့် အဘအောင်မင်းခေါင်ဓာတ်ခန်းများကိုလည်း တွေ့ရသည်။

"စကားပြောတာ သတိထားကြနော်၊ ဒေးစွန်ပါက နတ်ကြီးတယ်လို့ ကြားဖူးတယ်"

သဒ္ဒါသတိပေးတော့ အားလုံးက ခေါင်းငြိမ့်ပြလိုက်၏။

"အင်းပါ"

ဘုရားရင်ပြင်သို့ မရောက်ခင် လှေကားထစ်တစ်ခု၌ ချည် ရပ်တန့်သွားသည်။ ချည် စိတ်ဝင်တစားကြည့်လိုက်သည်က လုံးချောသစ်သားလုံးလေးတွေဖြင့် ပြုထားသော လက်ပတ်လေးတစ်ခုဖြစ်သည်။

"လိုချင်လို့လား..."

ရုတ်တရက် လွန်က လာမေးတော့ ချည် ခေါင်းခါပြလိုက်သည်။ တကယ်တော့ နံ့သာဖြူရနံ့လေး မွှေးနေသဖြင့် ချည် လိုချင်နေမိတာဖြစ်သည်။ လွန်က ချက်ချင်းပင် ဆိုင်ရှင် အန်တီကြီးကို ပြောလိုက်သည်။

"အန်တီ၊ ဒီ လက်ပတ်လေး ပေးပါ"

"ဘယ်နှစ်ခုလဲ သားရေ"

"၂ခု အန်တီ"

"အဲ့လက်ပတ်လေးက နံ့သာဖြူအစစ်အသားနဲ့ လုပ်ထားတာ၊ မယုံရင်မွှေးကြည့်..အိန္ဒိယက လာတာ၊ မြန်မာက နံ့သာဖြူဆို သိပ်မမွှေးဘူး။ စိမ်ထားတာတောင် မဟုတ်ဘူး အစစ်ကွဲ့..."

"မွှေးတယ်၊ ဘယ်လောက်လဲ အန်တီ"

ချည်က ဝင်ပြောလိုက်သည်။

"ကျွန်တော် ရှင်းမယ်"

"နေပါ၊ ကိုယ်ရှင်းမယ်။ omega တစ်ယောက်ကို ငွေရှင်းခိုင်းမယ့် Alpha မဟုတ်ပါဘူးနော်"

ချည်လွန် (OC)Where stories live. Discover now