အပိုင်း (၈)

1.7K 102 17
                                    

(ဤဝတ္ထုတွင် ဖြစ်ရပ်မှန်များပါဝင်သကဲ့သို့ လက်တွေ့ဘဝတွင်မရှိသော စိတ်ကူးသက်သက်အကြောင်းအရာများလည်း ပါဝင်နိုင်ပါသည်။ အချို့သော အကြောင်းအရာများအား Google မှကောက်နုတ်ဖော်ပြထားပါသည်။)

၁၉ရာစုတွင် ဖြစ်၏။ ၁၈ ရာစုတွင် ဥရောပတွင် စက်မှုတော်လှန်ရေးစတင်ခဲ့ပြီးနောက် စက်မှုလက်မှုလုပ်ငန်းများ စတင်ထွန်းကားလာသည်။ ကုန်ပစ္စည်းသစ်များထုတ်လုပ်ရန်၊ ပိုမိုကျယ်ပြန့်သော ဈေးကွက်ကို ရရှိရန်  အစရှိသော အကြောင်းအရင်းများကြောင့် အင်္ဂလိပ်တို့သည် နယ်မြေသစ်များကို အလိုရှိလာကြသည်။ ထိုအခါ ကုန်ပစ္စည်း အများဆုံးထုတ်လုပ်နိုင်ပြီး အင်အားနှင့် ပြည့်စုံသည့် ဥရောပနိုင်ငံတို့သည် နယ်မြေသစ်၊ ဒေသသစ်များကို ပိုင်ဆိုင်ရန် ပိုမိုကြိုးစားလာကြပါသည်။

အိန္ဒိယနိုင်ငံဘက်တွင် ခြေကုပ်မိနေပြီဖြစ်သော နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား မျက်စိကျလျက်ရှိပြီး နယ်ချဲ့ရန် အကြောင်းပြုလာကြသည်။ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆)တွင် ဗြိတိသျှတို့စစ်နိုင်ခဲ့ပြီး စစ်ပြေငြိမ်းရေး ရန္တပို စာချုပ် ချုပ်ဆိုခြင်းဖြင့် မြန်မာတို့၏ အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီဒေသများကိုသိမ်းပိုက်ခဲ့သည်။

၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားခဲ့ကာ အောက်မြန်မာနိုင်ငံဟု ပြန်လည်အမည်ပေးခေါ်ဆိုသော ပဲခူးဒေသကို သိမ်းပိုက်ခဲ့သည်။ အင်္ဂလိပ်တို့ တဖြည်းဖြည်းအားနည်းလာသော မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ဖို့ရန်ကြံထားသည်ဖြစ်ရာ ၊ ၁၈၈၅ ခုနှစ် တတိယအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီးတွင် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ကျရောက်ခဲ့သည်။

ကိုနီခေတ်ဖြစ်သည့် ၁၈ရာစုမှ ၁၉ရာစုတွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံမှ စီးပွားရေး အမြတ်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ၊ အထူးသဖြင့် သယံဇာတကြွယ်ဝသော ကျွန်းသစ်တောများ၊ ဓာတ်သတ္တုများနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အသုံးချခဲ့ပါသည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုသည် မြန်မာနိုင်ငံတွင် လူမှုရေးနှင့် ယဉ်ကျေးမှုအပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့ပါသည်။ အနောက်တိုင်းပညာရေးနှင့် ခရစ်ယာန်သာသနာပြုလုပ်ငန်းများလည်း မြန်မာနိုင်ငံတွင် ပျံ့နှံ့လာခဲ့သည်။

ချည်လွန် (OC)Where stories live. Discover now