အပိုင်း (၇)

1.3K 112 19
                                    

နွေးထွေးမှုမရှိ၊ ပျော်ရွှင်မှုမရှိသည့် မင်္ဂလာပွဲကြီးဟာ အေးစက်စွာဖြင့်ပြီးဆုံးခဲ့၏။ ဘယ်လိုပဲ စာချုပ်ကြောင့်ဖြစ်လာတဲ့ မင်္ဂလာပွဲဖြစ်ပါစေ ပြီးစလွယ်တော့ မဟုတ်ခဲ့။ စီးပွားရေးလောကမှာ Lon group ရဲ့ အရှိန်အဝါက ကျယ်ပြန့်ကြီးမားသည့်အလျောက် မင်္ဂလာပွဲကိုသာ ပြီးစလွယ်ပြုလုပ်ခဲ့ရင် အရှိန်အဝါကျဆင်းမည်မဟုတ်ပေလား။

ထို့ကြောင့် ဘယ်လိုဆက်ဆံရေးကြောင့်ပဲ ဖြစ်လာတဲ့မင်္ဂလာပွဲဖြစ်ပါစေ သူတို့ အကြီးအကျယ်လုပ်ရလိမ့်မည်။ ဒါမှသိက္ခာမကျမှာ မဟုတ်လား။

နေ့လည်တွင် မင်္ဂလာပွဲပြီးဆုံးပြီးနောက် ညစာစားပွဲ ထပ်ကျင်းပသည်။ ညစာစားပွဲကိုတော့ အဓိအားဖြင့် လူလတ်ပိုင်းနှင့် လူငယ်တွေ တက်ရောက်ကြတာ များသည်။ အားလုံးဟာ ချည်ရှေ့မှာတော့ ချည် ကို လှပတယ်ပြောကြပေမယ့် ကွယ်ရာရောက်ရင်တော့ ချည်ရဲ့ မကောင်းကြောင်းတို့အား အတင်းချကြပါသည်။

ဒါဟာ လူ့သဘာဝပဲမလို့ အထွေအထူး စိတ်ကွက်စရာမရှိ။

ညစာစားပွဲ‌တွင် တက်ရောက်သူတိုင်း ပြုံးပျော်ရွှင်နေကြသော်လည်း ချည်တော့ မပါခဲ့။ အားလုံးက ရှန်ပိန်ခွက်များ ဝိုင်ခွက်လေးများကိုင်ကာ စကားဖောင်ဖွဲ့ကြ ဂုဏ်ပြုကြနဲ့ အလုပ်ရှုပ်နေကြသည်။

ဒီတစ်ခါလည်း တစ်ယောက်တည်းဖြစ်နေရသူက ချည်ပင်။ ချည်သည် အေးဆေးနေတတ်သူဖြစ်ပြီး စကားတွေအများကြီး ပြောရတာကို မကြိုက်၊ လူအများကြီးကြားထဲရောက်လျင်လည်း အနေကြပ်ပြီး သက်တောင့်သက်သာ မဖြစ်သူဖြစ်သည်။ စကားဖောင်ဖွဲ့ဖို့ရာလည်း အနေအေးသူ ပီပီ စကားမပြောတတ်ပေ။ ထို့ကြောင့် တစ်ယောက်တည်း ဘေးကို ကွဲထွက်နေတာဖြစ်သည်။

လွန်ကတော့ တက်ရောက်သမျှ ဧည့်သည်တွေနဲ့ ချည်ကို မိတ်ဆက်ပေးပေမယ့် မိတ်ဆက်ပြီးနောက် ထပ်ပြီး စကားဖောင်ဖွဲ့ဖို့ရာ စကားဆက်မပြောတတ်ခဲ့။ ချည်က social မကျသူဟု ဆိူလျှင် ပိုမှန်မည်။ လွန်ကတော့ စီးပွားရေးသမားဖြစ်သည့်အလျောက် စကားပြောတတ်ဆိုတတ်ကာ ဧည့်သည်များနှင့် စီးပွားရေးအကြောင်းပြောခြင်းဖြင့် စကားကောင်းနေ၏။

ချည်လွန် (OC)Where stories live. Discover now