4.

105 15 13
                                    

မနက်လင်းကတည်းက ရာသီဥတုက မှိုင်းညို့နေသည်မှာ ကောင်းကင်တစ်ခွင်ကလဲ အုံ့မှိုင်းနေသည်။ မိုးလေဝသကြေညာချက်အရ ရက်အတော်ကြာနောက်ကျနေခဲ့သော ဆိုးလ်မြို့ရဲ့ပထမဆုံးနှင်းကျချိန်က ဒီရက်ပိုင်းအတွင်းမှာဖြစ်လိမ့်မည်။ ရာသီဥတုက မဆိုသလောက်လေး ပို၍အေးစိမ့်နေသလိုခံစားရ၍ မနက်ခင်း စတူဒီယိုကိုသွားနေတဲ့လမ်းမှာပင် ဟျူနင်း အနွေးထည်ကုတ်အင်္ကျီအထူကြီးကို ဝတ်ထားဆဲဖြစ်သည်။

ကားမောင်းရင်း စက္ကန့်၃၀ကြာသည့် မီးပွိုင့်တစ်ခုမိသွားပေမယ့်လဲ ဒီနေ့အိမ်က စောစောထွက်လာခဲ့တာမို့ ဟျူနင်းရဲ့အလုပ်ချိန်ကို ထိခိုက်မှုမရှိပါပေ။မီးပွိုင့်စောင့်ရင်း ဟျူနင်းက ဘေးဘီဝန်းကျင်ကိုကြည့်လိုက်မိတော့ သူ့ဘေးမှာရပ်နေတာက ထရပ်ကားတစ်စီး။ ထရပ်ကားက ရိုးရိုးထရပ်ကားမဟုတ်ဘဲ အိုင်ဒေါလ်တွေ၊ အနုပညာရှင်တွေအတွက် ပရိသတ်တွေက supportလုပ်ပေးတဲ့ကားမျိုးဖြစ်သည်။

ဟျူနင်း အံ့အားသင့်သွားရပြီး ကားမှန်ကိုချ၍ကြည့်လိုက်မိသည်။ တိုက်ဆိုင်စွာပင် ထရပ်ကားက ဆူဘင်းအတွက် supportလုပ်ပေးထားတဲ့ကားဖြစ်​နေသည်။
ကားမှာပေါ်နေတဲ့ ဆူဘင်းရဲ့ပုံကိုကြည့်ပြီး ဟျူနင်းနှုတ်ခမ်းတို့က အလိုလိုကွေးညွှတ်သွား​ကြသည်။ ပရိသတ်တွေက ဆူဘင်းရဲ့ခပ်မိုက်မိုက်ပုံတွေအစား အေးချမ်းစွာပြုံးရယ်နေတဲ့ပုံလေးတွေကို ထည့်ထားကြသည်။ ကြည့်ရသလောက်တော့ ဇာတ်လမ်းထဲကဇာတ်ဝင်ခန်းပုံတွေဖြစ်လောက်ပါသည်။ မီးပွိုင့်မစိမ်းခင် ဟျူနင်းဖုန်းကိုထုတ်၍ ဓာတ်ပုံရိုက်ယူလိုက်မိပြီး ကိုယ့်ကိုယ်ကို အလွန်အမင်းနစ်ဝင်နေတဲ့သူလို ခံစားလိုက်ရသည်။

ဟျူနင်းက မေ့မေ့ပျောက်ပျောက်နေပေမယ့် ဒီရက်ပိုင်းအတွင်းမှာ ဆူဘင်းနဲ့ပတ်သက်တဲ့ အသေးအမွှားအကြောင်းအရာလေးတွေက ဟျူနင်းဘေးပတ်ချာလည်ကို ရောက်လာတတ်သည်။ တစ်နေ့ကပင် ဟျူနင်းနဲ့ဘေးချင်းယှဥ်မောင်းသွားတဲ့ ဘတ်စ်ကားတစ်စီးမှာ ဆူဘင်းရဲ့ကုန်ပစ္စည်းကြော်ငြာပုံကို ပိုစတာကပ်ထားတာ တွေ့လိုက်ရသည်။ ဆိုရှယ်မီဒီယာပေါ်မှာဆိုလဲ တက်လာသမျှက ဆူဘင်းနဲ့ပတ်သက်တဲ့သတင်းတွေ၊ ဓာတ်ပုံတွေချည်း။

You've reached the end of published parts.

⏰ Last updated: Apr 24 ⏰

Add this story to your Library to get notified about new parts!

Blue | SookaiWhere stories live. Discover now