Part-1🌼

613 16 0
                                    

<Unicode>

"ကလေးတို့ ဆရာမကို နှုတ်ဆက်ကြရမယ်လေ ထကြ ထကြ"

မုံရွာမြို့ပြင်မှာရှိတဲ့ စက်မှုအလယ်တန်းကျောင်း၊    သူငယ်တန်း(က) မှ ကျောင်းသား၊ကျောင်းသူအသစ်ကလေးများ တက်ကြွစွာပင် အတန်းထဲရောက်လာသည့် အတန်းပိုင်ဆရာမအားမက်တပ်ရပ်၍ နှုတ်ဆက်လိုက်ကြသည်။

"မင်္ဂလာပါ ဆရာမ ကြိုဆိုပါတယ်ဆရာမ"

(*ထိုခေတ်အချိန်အခါနှင့် သူငယ်တန်းဆိုသည်မှာ ၅ နှစ်၊၆ နှစ်လောက်မှ တက်ရန်အဆင်သင့်ဖြစ်သည်ဟု ဆရာမများမှ သတ်မှတ်ထားသည်။)
သို့သော် ဒီအတန်းကို ၂ ခါပြန်တက်နေရသော ဟန်ဇင်မင်းထိုက်မှာတော့ မတက်ကြွနိုင်ပါ။ သူ၏အဒေါ်မှာ ကျောင်းက အကြီးတန်းတွေကို English စာသင်ပေးသောဆရာမဖြစ်နေ၍ သူ့ထက် ၉ လဘဲ အသက်ကြီးသော အကိုတစ်ဝမ်းကွဲနှင့်လည်း မနှစ်က အတူတူ သူငယ်တန်းကိုအပျော်တက်ပြီးခဲ့သောကြောင့်ဖြစ်သည်။
ထို့ကြောင့် အရာရာဟာသူ့အတွက် အသစ်အဆန်းဖြစ်မနေဘဲ သိပ်လည်းစိတ်လှုပ်ရှားမနေတော့ပါ။ အခြားသောကလေးများကတော့ သူငယ်ချင်းအသစ်၊အဖြူနှင့်အစိမ်း uniformလေးများ၊ လွယ်အိပ်အသစ်ကလေးများနှင့် အခြားသော ပတ်ဝန်းကျင်အသစ်ကို စူးစမ်းလေ့လာနေကြသည်။ဒါ့အပြင် သူတို့အတွက် အတူတူထိုင်ရန် အတန်းဖော်အတန်းဖက်များကလည်း အရေးပါလှသည်။

"ဟုတ်ပါပြီကလေးတို့ရေ အားလုံးဘဲ မင်္ဂလာပါနော် ဆရာမကတော့ ဒေါ်နွယ်နွယ်သန်းဖြစ်ပြီး မင်းတို့ကို မြန်မာစာ သင်ပေးမဲ့ ဆရာမပါ အတန်းပိုင်ကလည်းဆရာမဘဲပေါ့နော်"

"ဟုတ်ကဲ့ပါ ဆရာမ"

တစ်တန်းလုံးမှ တညီတညာထဲ ဖြေလိုက်ကြသည်။ဆရာမမှ ဩဝါဒ အနည်းငယ်ခြွေပြီး အတန်းနေရာချရန် အရပ်တိုင်း၍အရပ်ပုသူများကို ရှေ့ဆုံးမှထား၍ အရှည်ဆုံးများမှာ နောက်ဆုံးတန်း ထိုင်ကြရသည်။ထုံစံအတိုင်းအရပ်ကလန့်ကလားနှင့် ဟန်ဇင်မင်းထိုက်တို့မှာ နောက်ဆုံးအတန်းရဲ့ ချောင်အကျဆုံးနေရာ၌ ထိုင်ရ၏။ ခုံများမှာ ခုံတန်းရှည်များဖြစ်ပြီး တစ်ခုံမှာ လေးယောက် သို့မဟုတ် သုံးယောက်ထိုင်ရသည်ဖြစ်၍ နောက်ဆုံးနှစ်တန်းမှာ ဟန်ဇင်မင်းထိုက်အပါအဝင် အရပ်တူ အရွယ်တူလေးများ ၇ ယောက်ထိုင်ကာ အချင်းချင်း နှုတ်ဆက်နေကြလေသည်။ နောက်ဆုံးတန်းရဲ့အရှေ့မှ

Destiny can't judge Our LoveWhere stories live. Discover now