[Unicode]
"ကြီးကြီးရို ဘာလုပ်နေတာလဲဟင်"
ခြံထဲဆင်းလာတော့
ကြီးကြီးရိုဟာ ခြံစည်းရိုးရဲ့ ထောင့်ကျကျနေရာတစ်ခုမှာ
မြေတွေတူးနေတာတွေ့လို့ မေးလိုက်ခြင်းဖြစ်သည်။
အနားမှာလည်း ဆိုယွန်းပါရှိသည်။"မမကြီးက နေကြာပင်တွေစိုက်ခိုင်းလို့လေ
အရင်က ဒီလိုပန်းတွေမကြိုက်တတ်ပါဘူး
ချုံနဲ့တူတဲ့ အပင်ကြီးတွေပဲစိုက်ခိုင်းပြီးတော့...""ညည်းကလည်း တူးမှာဖြင့်မြန်မြန်တူးစမ်းပါ
ငါပြောပြမှာပေါ့""ပျိုးပင်လေးတွေပဲနော်"
လီဆာသူတို့အနား ငုတ်တုတ်လေးသွားထိုင်တော့
ကြီးကြီးရိုက အနီးတစ်၀ိုက်က အပင်တွေနှုတ်ရင်း
လီဆာ့အား ပြုံးပြရင်းး"ဟုတ်တယ် သမီးရဲ့
နေကြာပန်းချက်ချင်းစိုက်ဖို့မှာထားတာဆိုပေမဲ့
ပျိုးပင်ပဲရှာတွေ့ခဲ့လို့""အော်..."
လီဆာလည်း မြေကြီးတွေကူတူးပေးရင်း
ခဏနေတော့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်က
ရေပုံးလေးဆွဲကာ လီဆာတို့နားရောက်လာသည်။"ဘွားဘွားရို ရေရပြီ"
"အေးအေး အဲ့နားလေးဖြန်းလိုက်"
"ဟုတ်ကဲ့"
"ကြီးကြီးရို သူက...."
"အော် သမီးကိုမိတ်မဆက်ပေးရသေးဘူးပဲ
သူ့နာမည်က ဆူဟန်တဲ့ ဆိုယွန်းလေးရဲ့အစ်ကိုပေါ့"လီဆာကနှုတ်ဆက်တဲ့အနေနဲ့ ပြုံးပြတော့
ဆူဟန်ကလည်း ပြန်ပြုံးပြီး ခေါင်းငြိမ့်ပြသည်။
သူတို့က မောင်နှမတွေပဲကိုးး။"မမကြီးက ကျွန်တော်တို့ကို
မွေးစားထားတာဗျ အဲ့တုန်းကကျွန်တော်က
၅နှစ် ဆိုယွန်းက ၃နှစ်ပဲရှိသေးတယ်"ဆူဟန်ဆိုတဲ့ကောင်လေးက ပြုံးပြုံးလေးသာပြောရင်း
ရေပုံးလေးဆွဲကာ အိမ်နောက်ဘက်သို့
ပြန်ထွက်သွားသည်။ မွေးစားထားသတဲ့လား။
ထင်မထားဘူး။ သို့ပေမဲ့ သူတို့ပုံက အလုပ်သမားတွေနဲ့မတူတာသတိထားမိတယ်။
ပုံမှန်ပဲ၀တ်စားထားပြီး
နွမ်းလျတဲ့အင်္ကျီတွေမ၀တ်ကြဘူး။ ကြီးကြီးရိုဆိုရင်
ရွှေငွေတန်ဆာတွေတောင်၀တ်နိုင်တယ်။
ဒါကိုကြည့်ခြင်းအားဖြင့် သူဌေးမသဘောထားပြည့်၀တာသိနိုင်ပါသည်။
အစက မောက်မာပြီးမာနကြီးမယ်ထင်ထားတာလေ။
လီဆာဒီတစ်ခါအကဲခေတ်တာ မှားသွားသည်ဟုထင်မိ၏။
သို့ပေမဲ့ သူဌေးမအကြောင်းကိုပိုသိချင်သေးပါသည်။

YOU ARE READING
A Carnation Of Changeability
FanfictionFor the flowers that have been planted gently, Let me rest on Her small shoulder take shelter for life