[Unicode]
မနက်ခင်း ၆နာရီခွဲအချိန်ဖြစ်သည်။
လီဆာဟာ အခုနောက်ပိုင်းအကျင့်တစ်ခုရထားပါသည်။
ဒါကတော့ မနက်မိုးလင်းတဲ့အချိန်တိုင်း
ခြံစည်းရိုးထောင့်နားက နေကြာပင်တွေကို ရေလောင်းတဲ့အကျင့်ပေါ့။ ဒါက တာ၀န်အရလုပ်တာမျိုးမဟုတ်ပါဘူး။ ဒီလိုအပင်ရေလောင်းနေရတာ၊ အပင်တွေပျိုးရတာကို
လီဆာက သိပ်ကို၀ါသနာပါတာကြောင့်ပါ။အရမ်းမများတဲ့ ၅ပင်လောက်သာရှိတဲ့
နေကြာအစုလေးကို ကြည့်ရင်းပြုံးမိတယ်။
ဂျိန်းကင်မ်ဆိုတဲ့မိန်းမ သဘောကျတဲ့ပန်းတွေကို
လီဆာကပြုစုပေးနေရတယ်ဆိုတဲ့ အသိကြောင့်ပါ။နေကြာစုတွေနားက အနည်းငယ်ထွက်စပြုနေတဲ့
မြေစာပင်တွေကို ဆွဲနှုတ်ရင်းမနေ့ညကအကြောင်းတွေ
ခေါင်းထဲရောက်လာတယ်။ အပြုံးတစ်ခုပါ။
ရှားပါးတဲ့အပြုံးတစ်ခုက သိပ်လှကြောင်းကိုပေါ့။ကိုယ့်အတွေးနဲ့ကိုယ်သာပြုံးနေမိရင်း
ခြံထဲ ကားတစ်စီးက၀င်လာတော့
လီဆာမော့ကြည့်မိတယ်။
ထို့နောက် ကားပေါ်ကဆင်းလာတဲ့အမျိုးသမီး...
ဘယ်သူရှိမှာလဲ ကင်မ်ဂျီဆူးဆိုတဲ့အမျိုးသမီးပေါ့
လီဆာ့ကို အိမ်ထဲအထိသာလိုက်ပို့ပြီး
ထားပစ်ခဲ့တာ သုံးရက်လောက်နေမှသာ
ပြန်ပေါ်လာတယ်။ အဲ့အမျိုးသမီးကိုလည်းစိတ်ဆိုးပါတယ်။"ဟယ် လာလီဆာပါလား
ဘာလုပ်နေတာလဲ"လီဆာ ပေနေတဲ့လက်တွေကိုခါရင်း
မတ်တပ်ထရပ်တော့ အစ်မဂျီဆူးက ရှေ့တိုးလာသည်။"နေကြာပင်တွေ ရေလောင်းပေါင်းသင်နေတာလေ"
သူမက အံ့သြသလိုကြည့်ရင်း
"ဟင် ဒါကိုသူဌေးမမသိဘူးလား
ဒီအပင်တွေစိုက်ဖို့ သူ့ခွင့်ပြုချက်ရော
ယူထားလို့လား"အတွင်းရေးမှူးမလုပ်ဘဲ
စုံထောက်လုပ်ရမှာလို့ပြောဖူးတယ်မို့လား။
ဒီအမေးအမြန်းထူတဲ့မိန်းမကိုလေ..."ဒါက သူဌေးမစိုက်ခိုင်းထားလို့ပါ
အဲ့တာကြောင့် နေကြာပင်တွေကိုဂရုစိုက်နေတာ"သူမက မျက်မှောင်ကျုံ့ကာ
တစ်ခုခုကိုစဥ်းစားနေပြီး"အော် အင်းပါ
သူဌေးမရော ရှိလား"
YOU ARE READING
A Carnation Of Changeability
FanfictionFor the flowers that have been planted gently, Let me rest on Her small shoulder take shelter for life