5

57 6 3
                                    

[Unicode]

မှောင်စပျိုးတဲ့ ၆နာရီအချိန်တွင်
ခန်းမထဲ လူစုံတက်စုံရောက်နေကြပြီဖြစ်သည်။
ခြံအပြင်မှာလည်း မီးရောင်စုံဟာ
တဖျက်ဖျက်လင်းနေပြီး အပြင်အဆင်တွေကလည်း
အရမ်းကိုလှသည်။

ဂျိန်းကင်မ်ဟာ သူကိုယ်တိုင်တောင်
ငါဘာမှမပြင်ဆင်ရသေးပဲ လီဆာ့ကိုအလှပြင်ကာ
ပွဲတက်၀တ်စုံလည်းစီစဥ်ပေးခဲ့သည်။
ဆံပင်တွေကို ခပ်မြင့်မြင့်ထုံးပေးထားသည်။
သူမကပြောသေးတယ် 'မင်းက ငါဆင်မြန်းပေးတဲ့
ဒီ၀တ်စုံနဲ့ဆို လှသလိုပဲ'တဲ့။ ပြောချင်တာက
သူဆင်ပေးတဲ့၀တ်စုံမဟုတ်ရင် မလှပါဘူးပေါ့။
ဒါက စနောက်တာမလား။ဂျိန်းကင်ကစနောက်တတ်ရဲ့လား။
ဒီမိန်းမရဲ့စိတ်ကို မြင်နိုင်စွမ်းရှိရင်သိပ်ကောင်းမယ်။

ဘယ်လောက်တောင်ပျော်နေသလဲဆိုတာ
လီဆာမသိတော့ဘူး။ ဒါပေမဲ့ ဂျိန်းကင်ဆိုတဲ့မိန်းမနဲ့
အတူရှိနေရရင်ကို ပျော်ရွှင်ကြည်နူးတဲ့စိတ်ဟာ
အစအဆုံးမရှိတော့တာ။ အတိုင်းအတာမရှိတော့တာ။
ဂျိန်းကင်မ်ရဲ့စကားသံလေးကိုပဲ အချိန်တိုင်းကြားချင်နေမိတာ။ ဒါက ခံစားချက်ကောင်းတာလား။ မကောင်းတာလား။

သူမပြောခဲ့တဲ့စကားတစ်ခွန်းရှိသည်။ လီဆာ့ရဲ့စိတ်ကိုသိနေတဲ့အလား
အားပေးတဲ့စကားဖြစ်မယ်လို့တော့ထင်ပါသည်။
'ငါစီစဥ်တဲ့ ပါတီကမင်းရဲ့ပါတီပဲ
ငါတို့အိမ်မှာပြုလုပ်တဲ့ဒီပွဲက
ငါတို့အောင်မြင်မှုအတွက်ပဲ 'တဲ့
တကယ်တော့လီဆာ အတွေးမှားသွားခဲ့တာ။
ဂျိန်းကင်ရဲ့စကားတွေထဲမယ် လီဆာ့ကိုမိသားစု၀င်လို
သဘောထားမှန်းပေါ်လွင်ခဲ့သည်။ တကယ်တမ်းတော့
လီဆာက ဒီမိန်းမရဲ့အောင်မြင်မှုကို
လေးစားဂုဏ်ယူရမှာပါ။ ပါ၀င်ဆင်နွှဲပေးသင့်တာပါ။
ငါကဒီပွဲမှာမရှိသင့်တဲ့သူ၊ အရေးမပါတဲ့သူဆိုပြီး
အားငယ်မနေသင့်။

လီဆာအောက်ထပ်ကိုဆင်းလာတဲ့အခါ
လူတချို့ဟာ အကြာကြီးစိုက်ကြည့်နေကြလို့
လီတာမနေတတ်တော့ပါ။ ဒါပေမဲ့ ပိုဆိုးတာက
၀တ်ဆင်ထားတဲ့ဂါ၀န်ဟာ ခြေဖျားတွေကိုဖုံးသည်အထိ
ရှည်လျားပါသည်။ ဒါကစတိုင်အနေနဲ့ချုပ်လုပ်ထားတာ
ဆိုပေမဲ့ ဒါမျိုးတွေတခါမှမ၀တ်ဖူးတာကြောင့်ဖြစ်သည်။

A Carnation Of ChangeabilityWhere stories live. Discover now