[Unicode]
မနက်ခင်းရဲ့နိုးထရခြင်းတွေမှာ
အပြုံးတွေနဲ့။ ကြင်နာပြီး နူးညံ့တတ်တဲ့
အကြည်ဓာတ်ကလေးကြောင့်ပေါ့။
လူတစ်ယောက်ကိုချစ်ရခြင်းဟာလည်း
အမြဲတမ်းပူလောင်ရတယ်လို့ဘယ်ဟုတ်ပါ့မလဲ။
သူမဆီက အာရုဏ်စိုက်မှုသေးသေးလေးရတာနဲ့
တစ်ကမ္ဘာလုံးကို အပိုင်ရသွားသလိုမျိုးခံစားချက်။အခုလီဆာခံစားနေရသလိုမျိုးပေါ့။
ဂျိန်းကင်မ်ဆိုတဲ့ အမျိုးသမီးငယ်ကိုချစ်မိတယ်ဆိုတာ
ပိုပြီးသေချာလေလေ အဲ့မိန်းမနဲ့ ပိုပြီးအနေနီးချင်လာလေလေ။
အချစ်ဆိုတာလည်း အဆိပ်တက်ပါတယ်။အိပ်ယာပေါ်မှာပက်လက်အနေအထားနဲ့ ပြုံးနေတာ။
မနေ့ညက အကြည်ဓာတ်ကလေးကိုအိမ်မက်မက်ခဲ့တာ။
သူမနဲ့အတူတွဲလို့ကခဲ့တဲ့ညတာလေးကို
တစ်ဖန် အိပ်မက်ထဲ ထည့်မက်ခဲ့ရတယ်။အနားက စားပွဲတင်နာရီလေးကို
ခေါင်းတစ်ချက်စောင်းကြည့်လိုက်တော့မနက်၇:၄၅။
လီဆာ ငေါက်ခနဲထကာ
နာရီကိုသေချာကိုင်ကြည့်ရင်း"ဟာ ၈နာရီတောင်ထိုးတော့မှာပဲ"
သွားပြီ။ ဂျိန်းကင်မ်သွားပြီပဲ။
ခက်ပါတယ်။ မနေ့ညက၀ိုင်တွေသောက်ထားတာတောင်
စိတ်ကူးတွေယဥ်ပြီး ညဥ့်နက်မှအိပ်ပျော်သွားတာ။
အခုတော့ဘယ်လိုလုပ်မလဲ ဂျိန်းကင်မ်ကသွားလောက်ပြီ။
ညနေကုမ္ပဏီက အပြန်ကျမှလာကြိုခိုင်းတာကို...
ဒါပေမဲ့ မျက်စိနှစ်လုံးပွင့်တာနဲ့
ဂျိန်းကင်ကိုပဲ အရင်ဦးဆုံးတွေ့ချင်တာ။
လီဆာကတော့ အဲ့မိန်းမနဲ့ပက်သက်ရင်
အရမ်းကိုသည်းလွန်းပါပြီ။🍂
လီဆာ အိမ်အပြင်ကိုပြတင်းပေါက်မှန်ကနေ
ကြည့်လိုက်တော့ မျက်လုံးလေးတွေက
ချက်ချင်းဆိုသလို အရောင်လက်သွားတယ်။ပန်းတွေပွင့်နေပြီ။
နေကြာပန်းတွေပွင့်နေပြီ။
ဂျိန်းကင်သဘောကျတဲ့ နေကြာတွေပွင့်နေပါပြီ။ပျော်ရွှင်စွာနဲ့အောက်သို့ပြေးဆင်းသွားရင်း
နေကြာတွေကို သင့်တော်မဲ့အရွယ်အစား
ပိုင်းဖြတ်လိုက်သည်။ ခူးယူလိုက်တဲ့
အစည်းလိုက်အနေအထားလေးတောင်
နေကြာပွင့်တွေက လှပါတယ်။
YOU ARE READING
A Carnation Of Changeability
FanfictionFor the flowers that have been planted gently, Let me rest on Her small shoulder take shelter for life