မနက်ရောက်တော့ ပြင်ဦးလွင် သို့ ချီတက်လာရပြီ
ဟိုက်ဝေးလမ်းမကြီးတွင် အနက်ရောင် BMW ကားတစ်စီးဟာ အမြန်မောင်နှင်လေသည် ကားထဲတွင်
"ဟျောင့် မနေ့ညက ငါလိုက်လျောခဲ့ပေမယ့် မင်းနဲ့ငါ ခုဘာပတ်သက်မှုမှ မရှိဘူးနော်"
"အဟက် ကျုပ်ပြောထားတယ်မလား ခင်ဗျားက ကျုပ် Alpha ပါလို့"
"မင်း ဘာဖြစ်ချင်နေတာလဲ"
"ခင်ဗျား ယောကျာ်း"
"မင်းမှာ လေးစားမှုမရှိဘူးလား ငါမင်းထက်ကြီးတယ်"
"2နှစ်လေးကို"
"2နှစ်လဲ 2နှစ်ပဲ"
"ခင်ဗျားက ကျုပ်ထက်အသက်ကြီးလဲ ကျုပ်အောက်မှာပဲလေ ဘာလို့လေးစားရမှာ"
"မင်း အောက်တန်းစားကောင်"
"ခင်ဗျားက အောက်တန်းစားရဲ့အောက်က ကောင်"
"ငါ့ကြိုက်နေတဲ့ omega ရှိတယ်လို့ ငါမပြောဘူးလား"
ထိုစကားကြောင့် မင်းမဟော်ရဲ့ရင်ဘတ်ထဲ ခနသာ စူးသွားသလို
"ပါးစပ်ပိတ်ထား ခင်ဗျားက ကျုပ်အပိုင်"
"ခက်တယ်"
******
2နာရီလောက် မောင်းပြီး ပြင်ဦးလွင်ကိုရောက်လာတယ် ပြင်ဦးလွင်မှာ အိမ်ရှိတာမလို့ အဲ့ကိုပဲ သွားလိုက်တယ်
"ဘယ်မှာတည်းမှာလဲ"
"အိမ်ရှိတယ်"
"၀ယ်လိုက်တာလား"
"မဟုတ်ဘူး အဲ့အိမ်က ဟိုးအရင်ကတည်းရှိတာ ဖိုးနဲ့ဘွားနဲ့ အတူတူနေခဲ့တဲ့အိမ် ဘွားဆုံးသွားတော့ ဘိုးက ရန်ကုန်ပြောင်းနေတာ ဒါမဲ့အိမ်မှာ အိမ်စောင့် ဦးမင်းနဲ့အိမ်အကူဒေါ်စိန် တို့လင်မယားရှိတယ် သူတို့က ကျုပ် ငယ်ငယ်လေးကတည်းက ရှိလာတာမလို့ အဲ့အိမ်မှာ ထားထားတာ"
မဟော်ဂနီဟာ ဦးရာဇာကို အဲ့တာတွေ အရှည်ကြီးရှင်းပြနေမိသည်
"အဲ့လိုလား"
"တီ"
ကားဟွန်းတီးလိုက်တော့ အိမ်ထဲကနေ သက်လတ်ပိုင်းယောကျာ်းတစ်ဦးထွက်လာတယ်