ဘ၀ဆိုတာ အမြဲပျော်ရွှင်စရာတွေနဲ့ ပြည့်နေတာမှ မဟုတ်ပဲ
"ဗျာ"
"ဟုတ် ဟုတ်ရဲ့လား"
ဒီနေ့ ဇွဲရဲ့ မိဘတွေ ပြန်လာမဲ့နေ့ ဒါမဲ့ လမ်းမှာ လေယာဉ်ပျက်ပြီး ဆုံးသွားလို့ သက်ဆိုင်ရာက ဖုန်းဆက်လာခဲ့လေသည်
"ဒေါ်လေး၀င်း ဒေါ်လေး၀င်း"
"သား ဘာဖြစ်တာလဲ"
"ဟင့် သား သား ဒယ်ဒီနဲ့မာ မာမီ မရှိတော့ဘူး"
"ဟေ"
"ဖုန်း ဟင့် ဖုန်းဆက်လာတယ် လေယာဉ်ပျက်ကျသွား သွားပြီတဲ့"
"ဘုရားရေ"
"သား သားဘယ်လိုလုပ်ရမလဲ ဟင့် သား သားဘယ်လိုနေရမလဲ"
"သားလေးရယ် ဒေါ်လေး၀င်းရှိတယ်နော်"
ဒေါ်လေး၀င်းလဲ အံ့ဩသွားမိတယ် ဇွဲလေးကို သနားလိုက်တာ ရင်ခွင်ထဲကို ထည့်ထားပေးမိတယ်
"သား ဘာမှမဖြစ်ပါဘူး သားဆီမှာ ဒေါ်လေး၀င်းရှိပါတယ်နော် သားက သန်မာပါတယ်"
"ဟင့် မာမီ အီးး ဒယ်ဒီ"
******
"ဟေ ဟုတ်လား"
"ဘာဖြစ်တာလဲ ဘိုး"
"ဘိုးအသိနှစ်ယောက် လေယာဉ်ပျက်ပြီးဆုံးသွားလို့တဲ့ သူ့တို့သား တစ်ယောက်ပဲကျန်ခဲ့တာ ဘိုးသွားအုံးမယ်"
"သားလဲ လိုက်မယ်"
"အေး"
ကလင် ကလင်
"ပြော"
"အသုဘသွားမှာလား"
"ဘာကိုလဲ"
"ငါတို့ရဲ့ ရှယ်ယာ၀င်ဖြစ်တဲ့ ဇနီးမောင်နှံလေ ဆုံးသွားတာ
"အင်း ခုသွားမလို့ ခင်ဗျားရော"
"ငါလဲ သွားမလို့ လှမ်းမေးတာ"
"ဟုတ်ပြီ"
****
"ဟင့် အီး"
"သားလေးရယ် မငိုနဲ့တော့နော် ဈာပနာ ပွဲပြင်ပြီးသွားပြီ အလောင်းတော့ပြန်ရှာမတွေ့ဘူး"
"ဇွဲလေး"
"ဟင် ဦး"
အသံလာရှာတို့ လှည့်ကြည့်တော့ ဦးဖြစ်နေ၍ ပြေးကာဖက်မိသည်