ဆေးစစ်တံကို ကိုင်ပြီးအဖြေစောင့်နေတဲ့ ဇွဲသခင်နိုင် ခနအကြာမှာ သူလိုချင်တဲ့အဖြေရလာခဲ့သည်
No ပါတဲ့
"တော်သေးတာပေါ့ တကယ်တော်သေးတာပေါ့"
အခုဘယ်လိုဆက်လုပ်ရမလဲ မသိတော့ ပန်းသရဖီကလဲ သူ့မိဘတွေပြန်ခေါ်လို့ ကိုးရီးယားကိုသွားလိုက်ပြီ သူပဲကျန်သည် အကုန်လုံးဆုံးရှုံးသွားပြီ
နံရံကိုမှီပြီးဆောင့်ကြောင့်ထိုင်ကာ မျက်ရည်တွေကျလာသည်
"မဖြစ်နိုင်ဘူး မရဘူး ငါအလျော့မပေးနိုင်ဘူး ငါ့အတွက် ငါ့အတွက်ကရော"
"အဟမ်း ဇွဲသခင်နိုင်က လွယ်လွယ်အလျော့ပေးမှာမဟုတ်လို့ စောင့်နေအုံးပေါ့"
......
တစ်ဘက်မှာလဲ ဦးရာဇာရဲ့တောင်းဆိုမှုကြောင့် wedding ကို ခမ်းခမ်းနားနားမဟုတ်ပဲ မိတ်ဆွေတွေနဲ့ပဲ လုပ်ဖြစ်သည် ဒီလောက်တော့ လိုက်ရောရမည်လေ
Dinner party တွင် သက်ဆိုင်သူသတိုးသားနှစ်ဦးမှာ black suitကိုယ်စီဖြင့် နှစ်ဘက်လုံးက ခေသူမဟုတ်တော့ မိတ်ဆွေတွေဆိုပေမယ့် လူတွေတော်တော်များပါသည်
"ခင်ဗျား ကျုပ် ယောင်္ကျားဖြစ်ပြီ"
"ချစ်လွန်းလို့ ကြိုက်လွန်းလို့ ဖြစ်လာတာ မဟုတ်ဘူး"
လွယ်လွယ် လက်ထက်လိုက်ရတဲ့ပွဲမှာ တကယ်ကိုချစ်မနေပါ သံယောဇဉ်ရှိယုံလေး မဟော်ဂနီရဲ့အပြုအမူဟာ သူ့ကို စိတ်ပျက်စေသည် သူလုံး၀မကြိုက် လောကဒံရဲ့ လှည့်ကွက်မှာ ခံရပေအုံးမယ်
"ဒီလိုဆိုလဲရပါတယ် စိတ်မပိုင်လဲ လူကို ပိုင်နေတာပဲ အဟက်"
"အောက်တန်းစားကောင် မင်းမှာ ဒီအတွေးပဲအမြဲရှိတယ်"
သူတို့စီကို လုပ်ငန်းရှင်တွေကလာနှုတ်ဆက်တဲ့အခါ အပြုံးတုကို ဖန်ဆင်းရသေးသည်
"ဂုဏ်ယူပါတယ် တကယ်ကိုလိုက်ဖက်ပါတယ်"
"ကျေးဇူးတင်ပါတယ်"
မဟော်ဂနီရော ဦးရာဇာပါ စိတ်ရှုပ်နေသည် လူတိုင်းကို နှုတ်ဆက်နေရသည်က ပျင်းဖို့ကောင်းသည်