Royal Min လုပ်ငန်းစုရဲ့ အစည်းအဝေးခန်းထဲတွင် ဒီတစ်ခေါက် ပရောဂျက်အတွက် ခရီးထွက်ဖို့ လူရွေးနေကြခြင်းဖြစ်လေသည်
Royal Min လုပ်ငန်းစု၏ အဓိက ရှယ်ရာ၀င်မှာ ဦးရာဇာမင်းဖြစ်ပြီး Yar Zar company ရဲ့ အဓိကရှယ်ရာ၀င်မှာ ဦးမင်းသီဟမောင် ဖြစ်လေသည်
"Royal Min ရဲ့ ဥက္ကဌကြီး တစ်ယောက်အနေနဲ့ ဒီခရီးစဉ်ကို မောင်ရာဇာမင်းကို သွားစေချင်တယ် မောင်ရာဇာက တော်တယ် တိကျတယ် ကြိုးစားတယ် ဒါတွေကြောင့် သဘောကျတာ"
"ဥက္ကဌကြီးတောင်းဆိုမှတော့ ကျွန်တော်က လက်ခံပါတယ် ဒါနဲ့ ကျွန်တော် တစ်ယောက်ထဲလား"
"ကျုပ်လိုက်မယ်"
ထိုစကားကြောင့် လူအားလုံး အခန်းတံခါး၀ ကိုကြည့်လိုက်ကြသည်
အနက်ရောင် suit ကို၀တ်ဆင်ထားတဲ့ လူတစ်ယောက်က တစ်လှမ်းချင်းရှောက်လမ်းလာတယ်
ထိုလူက ပြောစရာမလိုလောက်အောင် မင်းမဟော်ဂနီမောင် ပင်
"မြေး"
"အားလုံးပဲ ကျုပ်က Royal Min ရဲ့ ဒုဥက္ကဌနေရာယူထားတဲ့ တစ်ဦးတည်းသော မြေး မင်းမဟော်ဂနီမောင်ပဲ ဒါကြောင့် ဒီခရီးစဉ်ကို ဦးရာဇာမင်းနဲ့အတူ ကျုပ်သွားမယ် လက်မခံတဲ့သူရှိလား"
"မရှိပါဘူးခင်ဗျ"
အားလုံးရဲ့ အသံဟာ ထပ်တူထွက်လာလေသည်
*
"မြေး ဘယ်လိုလုပ်လိုက်တာလဲ"
"ဘာလုပ်လို့လဲ ဘိုးပဲ သားကိုအဲ့နေရာပေးထားတာလေ ဒါကြောင့်သားက တာ၀န်ကျေအောင် လုပ်ပေးတာ"
"အဲ့တာတော့ ဟုတ်ပါပြီ ခုမှချက်ချင်းကြီးနော် အဟွန့်"
"ဘိုးကလဲ"
ဒေါက် ဒေါက်
"၀င်ခဲ့"
"ဘိုး"
"အော် သား"
"ဟုတ်ကဲ့ မင်းမဟော်ဂနီမောင်က
"ကျုပ်ကိုအဲ့လိုမခေါ်နဲ့"
"ဒါဆို ဘယ်လိုခေါ်ရမှာ"
"ခင်ဗျားက ကျုပ်မိတ်ဖက်ဖြစ်လာမှာဆိုတော့ မောင်လို့ ခေါ်လည်းရတယ် ယောင်္ကျားလို့ ခေါ်လဲရတယ်"