"ရောင်လေး"
"ဟာ အကို ဟင့်"
"ဘာဖြစ်တာလဲ ရောင်လေး"
"ဟေ့လူ မင်းသူနဲ့ဘာပတ်သတ်တာလဲ"
"ခင်ဗျားကရော ဘယ်သူလဲ"
"ငါက ဒီကားပိုင်ရှင် အဲ့ကောင်က ငါ့ကားကို"
"ကောင် လို့ပြောရအောင် ခင်ဗျားက ဘာကောင်မလို့လဲ"
ထိုလူသူ့ရှေ့မှာ ရှိတဲ့လူကို ရှိန်မိတာတော့အမှန်ပင်
"အဟမ်း ဒီကောင်လေးက ငါ့ကားရက်ထားတာကို သူ့စက်ဘီးကြီးနဲ့၀င်တိုက်တာ ငါ့ကား မီးသီးအပ်သွားတယ် အဲ့တာ ဘယ်လို လုပ်ပေးမှာလဲ"
"အဟက် မီးသီးလေးအပ်တာကို သောက်ရေးကြီးတာကျနေတာပဲ ကားစုတ်ကို"
"မင်း"
"တော် တော်ကြပါတော့ ကျွန်တော် တောင်းပန်ပါတယ်"
"ရော့ ပိုက်ဆံ မင်းကားအတွက် ယူပြီးသွားတော့"
ကမ္ဘာသူ့ရှေ့ကလူထံ တစ်သောင်းတန်အုပ်ကို ပစ်ပေးလိုက်သည်
"ကောင်းပြီလေ"
"ရောင်လေး ရလား"
"ဟင့် ခြေထောက် နာသွားတယ်"
"ကိုယ် ချီမယ်"
"စက် စက်ဘီး"
"ထားလိုက် နောက်မှပြန်ယူပေးမယ် မဟုတ်လည်း အသစ်၀ယ်ပေးမယ်"
"ကျေးဇူးပါ"
"အိမ်ဘယ်နားမှာ"
"ဟိုရှေ့နားက အဖြူလေး"
ရောင်စဉ်တစ်ယောက် သူ့ကိုပွေ့ချီထားတဲ့ ကမ္ဘာရဲ့မျက်နှာကို ကြည့်မိသည် မျက်စိအောက်ကမှဲ့လေး စူးရဲလှတဲ့မျက်၀န်း သိပ်လှတဲ့မျက်နှာ သူ့ရင်ခုန်သံတွေကို အဲ့လူကြီးကြားသွားမှာတောင် ကြောက်မိတယ်
"ရောက်ပြီ"
"ကျေးဇူး"
"ဟယ် မြေးလေး ဘယ်လိုဖြစ်လိုက်တာ"
"ဟို ဟို"
"ဒီလိုပါ အဘွား သူစက်ဘီးလဲ လာတာ ခြေထောက်နာသွားလို့ ကျွန်တော် ခေါ်လာတာပါ"
"ဟယ်တော် မြေးလေးရယ် ခုရော နာသေးလား"
"သား သိပ်မနာတော့ပါဘူး"