Episode 7

2.6K 147 7
                                    

ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်လှည့် လာတာပါပဲ ချိုလိုက် ခါးလိုက် နဲ့ ဒါဟာ သဘာ၀ပါပဲ

"ခင်ဗျား ပြောတာဟုတ်ရဲ့လား"

"ပုံတွေ့တာတောင် မယုံဘူးလား"

"နေပါအုံး ခင်ဗျားက ဘယ်သူလဲ"

"ငါ့နာမည်က ပန်းသရဖီ ပြီးတော့ မင်းက ဦးရာဇာမင်းကို ကြိုက်နေတဲ့သူဆိုတော့ ငါကပြောပြတာ"

"ခင်ဗျားက ဘာလိုပြောပြတာလဲ"

"အဲ့ဓာတ်ပုံထဲက အရပ်ပိုမြင့်တဲ့သူကို တွေ့လား"

"သူက မင်းမဟော်ဂနီမောင် မလား"

"အင်း ငါကြိုက်နေတဲ့သူ"

"ဘယ်လို"

"ကယ် ငါရှင်းရှင်းပြောမယ် မင်းက alpha ကိုလိုချင်တယ် ငါက enigma ကို လိုချင်တယ် သူတို့က တွဲနေတာလား သေချာမသိပေမယ့် ငါတို့ပန်းတိုင်က အတူတူပဲ ငါတို့ လက်တွဲကြမလား"

ဇွဲ ခနတော့စဉ်းစားမိတယ်

"မလိုဘူး တွဲနေတာလားတောင် သေချာမသိပဲနဲ့ ကျွန်တော့်ဟာ ကျွန်တော် ရအောင်ယူနိုင်တယ်"

"အဟက် မင်းက အထင်တွေသိပ်ကြီးပါလား"

"ထင်ချင်သလိုထင်"

"ကောင်းပြီ အခုမလိုရင် နောက်လိုလာမှာမလို့ ဒီလိပ်စာကဒ်လေးကို ယူထားလိုက်ပါ"

ပြောပြီး ရှေ့က မိန်းကလေးက ထွက်သွားခဲ့သည်

ဇွဲကဟာ အတွေးပေါင်းစုံနဲ့ ကျန်ခဲ့ရသည်

******

"မြေး အဆင်ပြေခဲ့ရလား"

"ပြေတယ် ဒီမှာ စာချုပ် ဟိုတစ်ယောက်ကိုတော့ သူ့အိမ်ကို ပို့ပေးလိုက်ပြီ"

"အေးကွယ် ပင်ပန်းနေရောပေါ့ နားချည်တော့"

"ဟုတ်ကဲ့"

"တီ တီ တီ"

"ဟယ်လို"

"Alpha ကျုပ်"

"မင်း ငါ့ဖုန်းနံပါတ်ကို ဘယ်ကရတာ"

"အဟက် ကျုပ်လိုချင်ရင် ခင်ဗျားကိုပါရတယ်"

"မင်းဘယ်လိုဖြစ်နေတာ"

"ကျုပ် ဘယ်နှစ်ခါပြောရမလဲ ခင်ဗျားယောကျာ်းလို့"

𝙸 𝚘𝚠𝚗 𝚢𝚘𝚞  [ongoing]Where stories live. Discover now