မနက် 7:00နာရီ အချိန် . . .
စိတ်ရောဂါကု ဆေးခန်းတွင် . . .
" နောက်တစ်ယောက်ကို ဝင်လာခိုင်း
လိုက်တော့ "" လူနာနံပါတ် 13 . .ဟွမ်ကျွင့်ကျယ်.....
ဒေါက်တာဝူနဲ့ ဝင်တွေ့လို့ရပါပြီရှင် "သူနာပြုမလေး ဧည့်ကြိုခန်းထဲဝင်သွား
လိုက်ရင်း အနက်ရောင်မက်စ်ကို တပ်ပြီး
အနက်ရောင်ခေါင်းစွပ် စွပ်ထားတဲ့
ကောင်လေးကို ကြည့်ရင်းပြောလိုက်သည်။ဟွမ်ကျွင့်ကျယ် အိပ်ငိုက်နေရာမှ သူနာပြု
မလေးရဲ့အသံကြောင့် ဆိုဖာပေါ်မှ ထကာ ခေါင်းစွပ်ကိုဖယ်လိုက်ရင်း ဒေါက်တာဝူရှိရာ အခန်းထဲသို့ ဝင်သွားလိုက်သည်။" ကျွင့်ကျယ်လေး . . လာ .. လာ ငါမင်းကိုစောင့်နေတာ "
ဒေါက်တာဝူ ထိုင်ခုံမှာထိုင်နေရင်း တံခါးတွန်းဖွင့်ကာ ဝင်လာသောကောင်လေးကို
လက်ယပ်ခေါ်လိုက်သည်။" ဒေါက်တာဝူ . . ကျွန်တော်တို့လိုရင်းကို သွားရအောင် ကျွန်တော့်အိမ်မက်အကြောင်းကို ပြောပြမယ် "
ဟွမ်ကျွင့်ကျယ် မက်စ်ကိုချွတ်လိုက်ရင်း စားပွဲခုံရှေ့က ထိုင်ခုံကိုဆွဲယူကာ ပျင်းတိ
ပျင်းရွဲထိုင်လျက် ပြောလိုက်သည်။ဒေါက်တာဝူ ဟွမ်ကျွင့်ကျယ်ရဲ့ခပ်ပြတ်ပြတ်စကားကြောင့် ပြုံးလိုက်ရင်း မေးလိုက်သည်။
" ဟုတ်ပါပြီကွာ . . ပြောပါအုံး
မင်းအိမ်မက်အကြောင်းကို ......"" အိမ်မက်က ဒီလို ..."
မိနစ်အနည်းငယ်ကြာ ပြောပြပြီးနောက်. .
" အွန်း . . နေကြတ်တာကတော့ ဟုတ်ပါပြီ
လူတွေက ပြောင်းလဲကုန်ပြီ ဆိုတာက
ဘာအဓိပ္ပာယ်လဲ "
ဒေါက်တာဝူ လေးလေးနက်နက်တွေးကာ
မေးလိုက်သည်။" ကျွန်တော်လည်း မသိဘူး "
ဟွမ်ကျွင့်ကျယ် ခေါင်းခါလိုက်ရင်း ပြန်ဖြေလာသည်။" ဒါနဲ့ . . မင်း မအိပ်ခင် အင်တာနက်ကနေ နေကြတ်တာနဲ့ပတ်သက်တဲ့သတင်းတွေလည်း ကြည့်လိုက်သေးတယ်ဆို . . "
" အင်း . . "
ဒေါက်တာဝူ ပြန်ဖြေလာသော ကောင်လေးကိုကြည့်ရင်း မေးလိုက်သည်။
" အဲ့တာကြောင့် . . စိတ်စွဲလမ်းပြီး မက်တာမျိုးကော မဖြစ်နိုင်ဘူးလား ..."
YOU ARE READING
What will happen on April 8 ?
Fantasyခင်ဗျားတို့ သိလား . . '' စိတ်ပျက်စရာ အကောင်းဆုံးဆိုတာ '' ...ဘာတွေဖြစ်လာ မလဲဆိုတာကို ကြိုသိနေရဲ့သားနဲ့ မသိသလိုဟန်ဆောင်နေရတာ . . . . ဟွမ်ကျွင့်ကျယ် . . . . အဲ့ကောင်လေးက ထူးဆန်းတယ် . . ဘာကြောင့်မှန်းမသိပေမဲ့...