အခန်း ( 2 ) အိမ်မက် . .

188 18 8
                                    

" အာ့ . .
ကျွန်တော် တောင်းပန်ပါတယ် အဖွား. .
အဆင်ပြေ. ."

ဟွမ်ကျွင့်ကျယ် လူတွေပြည့်သိပ်ညှက်နေတဲ့လမ်းမှာ လူတွေကိုတတ်နိုင်သလောက် ရှောင်ရှားနေရင်းက အဖွားတစ်ယောက်ကိုဝင်တိုက်လိုက်မိသောကြောင့် လက်ကမ်းပေးလိုက်ကာ ​တောင်းပန်စကားပြောလိုက်သည်။

သို့သော်လည်း တစ်ဖက်ကလူက ကျွင့်ကျယ်ရဲ့ လက်ကို ပုတ်ထုတ်လိုက်ရင်း တုန်လှုပ်ကြောက်ရွံ့နေသော အသံဖြင့်ပြောလာသည်။

" နေကြတ်တော့မယ် . . ယင်နဲ့ ယန်က မမျှတတော့ဘူး ဆိုးရွားတဲ့အရာတွေလာတော့မယ်
မဖြစ်သင့်တာတွေ ဖြစ်လာတော့မယ် "

အဖွားအို သူ့အရှေ့ရှိ ကောင်လေးကို မော့
ကြည့်ရင်း တုန်ရီနေသောအသံဖြင့် ထပ်ပြောလိုက်သည်။

" ကမ္ဘာပျက်တော့မယ် . . လူတွေ သေကြတော့မယ် . . . .အား! "
အဖွားအို ဆံပင်တို့ကို ဆောင့်ဆွဲရင်း အော်ဟစ်လိုက်သည်။

" ငါ့ . . မြေမလေးက ပြောင်းလဲသွားပြီ
မဟုတ်ဘူး . . လူတွေအကုန်လုံး ပြောင်းလဲသွားပြီ "

" သူတို့က လူတွေမဟုတ်တော့ဘူး . .
အား ! . . အား ! "
နောက်ဆုံးစကားကို ပြောပြီးနောက် အော်ဟစ်ကာ ကားလမ်းမပေါ်ရှိ
ကုန်တင်ကားရှေ့ကို ပြေးထွက်သွားသော အဖွားအိုကိုကြည့်ရင်း ဟွမ်ကျွင့်ကျယ် ထိတ်လန့်စွာအော်လိုက်သည်။

" အဖွား ! . ."

ကျွီ . . .ဒုန်း . . . .

================================

" မဖြစ်ဘူး . . . . . "

ဟွမ်ကျွင့်ကျယ် အိပ်ရာမှ အလန့်တကြား
ထအော်လိုက်ရင်း မျက်လုံးအုပ်အကာကို ဖယ်လိုက်ကာ အသက်ကို ဝဝရှုလိုက်ပြီး
ထိုးကိုက်နေသောနားထင်ကို ဖိပွတ်လိုက်သည်။

ပြီးနောက် နားနှစ်ဖက်မှာ ထည့်ထားတဲ့ နားဆို့တို့ကို အိပ်ရာဘေးက စားပွဲခုံပေါ်တင်လိုက်ကာ နာရီကို ကြည့်လိုက်သည်။

ည 11: 45 . . . .

နေ့လည်ထဲက အိပ်လိုက်ရာ ညလည်
ခေါင်ကြီး နိုးလာသောကြောင့်
ဟွမ်ကျွင့်ကျယ် သက်ပြင်းချလိုက်ရင်း အိပ်ရာမှ ပျင်းတိပျင်းရွဲဖြင့် ထလိုက်ကာ
အခန်းတံခါးဖွင့်ပြီး အပြင်သို့ ထွက်လိုက်သည်။

What will happen on April 8 ?Where stories live. Discover now