အခန်း ( 4 ) ဒေါက်တာရှ

136 29 6
                                    

တီ . . တီ . . . .

ရှကျစ်ကွမ်း  စိတ်ရောဂါအမျိုးအစားများအကြောင်း စာအုပ်ကို ဖတ်ရင်း ကော်ဖီသောက်နေစဥ် အသံမြည်လာသော ဖုန်းကြောင့် စာအုပ်ကိုချလိုက်ကာ စားပွဲခုံပေါ်မှ ဖုန်းကိုလှမ်းယူလိုက်ပြီး ကိုင်လိုက်သည်။

" ဟယ်လို . . ကျွန်တော် ချုံချင့်မြို့ စိတ်ရောဂါကုဆေးခန်းက ဒေါက်တာဝူပါ ....
ဒေါက်တာရှကို လူနာတစ်ယောက်နဲ့ တွေ့စေချင်လို့ပါ "

ရှကျစ်ကွမ်း ကော်ဖီကို တစ်ငုံသောက်လိုက်ကာ စားပွဲပေါ်တင်လိုက်သည်။ပြီးနောက် ခြေချိတ်ထိုင်ကာ ဆိုဖာကိုမှီလိုက်ရင်း ပေါ့ပေါ့ပါးပါးအသံဖြင့် ပြောလာသည်။

" ဒေါက်တာဝူ . . ကျွန်တော်က လူနာရွေးတယ်ဆိုတာ သိထားမှာပေါ့ .... "

" ဒါပေါ့ . . ဒါပေါ့ သိပါတယ် . . . ကျွန်တော်
ဒေါက်တာရှနဲ့တွေ့စေချင်တဲ့လူနာကို ဒေါက်တာရှ စိတ်ဝင်စားမှာပါဗျာ ..."

ရှကျစ်ကွမ်း တစ်ဖက်က သူရဲ့စကားကြောင့် မျက်ခုံးပင့်လိုက်ရင်း စားပွဲခုံကို လက်နှင့်ခေါက်ကာ မေးလိုက်သည်။

" အိုး . . ခင်ဗျားက သေချာနေတာဘဲ
ကောင်းပြီလေ ..... ရောဂါလက္ခဏာကို
ပြောကြည့် . . . "

ဒေါက်တာဝူ သက်ပြင်းချလိုက်ရင်း ပြောသည်။
" သူဖြစ်နေတာက ရောဂါလက္ခဏာလို့လဲ
ပြောလို့တော့ မရပါဘူးဗျာ . . . "

ဒေါက်တာဝူ ဟွမ်ကျွင့်ကျယ်ကို ကုသလာ
ခဲ့တဲ့ သုံးနှစ်ကာလအတွင်း သူလေ့လာတွေ့ရှိထားတဲ့ အခြေအနေတွေအားလုံးကို ဒေါက်တာရှကို ပြောပြလိုက်သည်။

" အိမ်မက်တွေက အပြင်မှာ တကယ်ဖြစ်လာတယ်တဲ့လား ... တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာဘဲ . . ဒီလူနာကို ကျွန်တော့်ကို
လွှဲပေးလိုက်တော့ . . "
ရှကျစ်ကွမ်း ဒေါက်တာဝူရဲ့စကားတို့ကို နားထောင်လိုက်ရင်း အတော်လေး စိတ်ဝင်စားလာတာကြောင့် ပြုံးကာပြောလိုက်သည်။

ဒေါက်တာဝူ တစ်ဖက်က idolကြီးရဲ့ သဘောတူတဲ့စကားကြောင့် အားတက်သရော ဖြစ်သွားကာ .....
" ကောင်းတာပေါ့ . . ဒါဆို ကျွန်တော် လူနာမှတ်တမ်းကို စီစစ်ပြီးသွားရင် မနက်ဖြန်လွှဲပေးလိုက်ပါမယ် "

What will happen on April 8 ?Where stories live. Discover now