အခန်း ( 5 ) မင်း . . အဲ့မှာရှိတာ ငါသိတယ် ~~

119 22 4
                                    

ဆေးခန်းမှ ပြန်လာပြီးသည်နှင့် နေ့တစ်ဝက်လောက်ကို ဟွမ်ကျွင့်ကျယ် အခန်းထဲမှာဘဲ စာအုပ်ဖတ်လိုက် . .ဂိမ်းဆော့လိုက်နဲ့ . . ကိုယ့်ကမ္ဘာငယ်လေးတွင် အချိန်တွေက ကုန်လို့ကုန်မှန်းမသိ . . . .

ဟွမ်ကျွင့်ကျယ် အခန်းအား အမှောင်ချထားသဖြင့် TV မှလာသော အလင်းရောင်မှလွဲ၍ အခြားသောအလင်းရောင် မရှိပေ။ ည 10:00နာရီ လောက်မှသာ လာသော တိတိလေးတွေရဲ့ အစီစဥ်ကို ဆိုဖာပေါ်တွင်ထိုင်ပြီး ကြည့်နေသည်မှာ အတော်ကြာပြီဖြစ်သည်။

မကြာမီ ကြောင်ပေါက်လေးတွေနဲ့ခွေးပေါက်လေးတွေအတူတူ ခုန်ပေါက်ကစားနေသည့်မြင်ကွင်းနှင့်အတူ ပြီးဆုံးသွားပြီ ဖြစ်ကြောင်းထိုးလာသော စာသားကြောင့် ကျွင့်ကျယ် နာရီအားလှမ်းကြည့်လိုက်သည်။

ည 12:38 . . . .

' အာ . . ညဥ့်နက်နေပြီဘဲ ... ငါ TV ကြည့်တာ
အတော်လေး နောက်ကျသွားတယ် ....
အိပ်ရာဝင်ရမယ် '
ဟွမ်ကျွင့်ကျယ် စိတ်ထဲတွင် တွေးပြီးနောက်
ရီမုအား ယူကာ TV ကိုပိတ်လိုက်သည်။

TVမှ အလင်းရောင်ပျောက်သွားသည်နှင့် တစ်ခန်းလုံး အမှောင်ဖုံးသွားသည်။ထိုလိုအချိန်တွင် သာမန်လူတွေသည် ချက်ချင်း မီးခလုတ်ဆီသို့ ပြေးကာ မီးဖွင့်လိုက်ကြမည် ဖြစ်သည်။

ကျွင့်ကျယ်သည်တော့ ထိုသို့မလုပ်ပေ . . .
ဟွမ်ကျွင့်ကျယ် မတ်တပ်ထရပ်လိုက်ပြီး
အကျောဆန့်လိုက် သည်။ ထို့နောက် မှောင်မည်းနေသည့်အခန်းထဲတွင်
စားပွဲခုံစောင်းအား အေးဆေးရှောင်လိုက်ကာ အိပ်ခန်းသို့ ဦးတည်လျှောက်သွား
လိုက်သည်။

ဟွမ်ကျွင့်ကျယ်သည် Otaku တစ်ယောက်ဖြစ်သလို တောက်ပနေတဲ့အလင်းရောင်ထက်
အမှောင်ကိုပိုသဘောကျသည်။ လူကို releaseဖြစ်စေသလို အိပ်ချင်လာအောင်လည်း ပြုလုပ်နိုင်လို့ဖြစ်သည်။
ထို့ပြင် ကောင်းမွန်စွာ မှတ်သားနိုင်တဲ့
ဥာဏ်ရည်ကြောင့် စပြောင်းလာထဲက
သူ့အခန်း၏ဖွဲ့စည်းပုံအား တစ်ချက်ကြည့်နဲ့တင် ဘယ်နေရာ ဘယ်ထောင့်တွင်
ဘာပစ္စည်းရှိတယ် ဆိုတာကိုသိလေသည်။

ထို့ကြောင့် အမှောင်ထဲတွင် လမ်းလျှောက်
နေရသည်ဆိုလျှင်တောင် ဘာကိုမှမခံစားရ
သလို ဘယ်ပစ္စည်းကိုမှ မတိုက်မိဘဲ ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်နိုင်လေသည်။

What will happen on April 8 ?Where stories live. Discover now