အခန်း ( 6 ) မင်းက ပြောင်းလဲမြန်လိုက်တာ . .

155 25 6
                                    

ဟွမ်ကျွင့်ကျယ် အပြင်သို့ရောက်သည်နှင့် တိုက်ခတ်သွားသော လေအေးကြောင့်
တစ်ချက်တုန်သွားကာ လက်နှစ်ဖက်အား အပေါ်ထပ်အင်္ကျီ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် လရောင်တောင်မရှိတဲ့
မှောင်မည်းနေသော လျှောက်လမ်းကြောင့် ကျွင့်ကျယ်ကောင်းကင်ကို မော့ကြည့်လိုက်သည်။
' ဒီနေ့ . . တိမ်တွေဖုံးနေတာဘဲ ' . . .

ထိုချိန် . . . .

ဒင် . . . .

တိတ်ဆိတ်မှောင်မည်းနေသော
လျှောက်လမ်း တစ်လျှောက်တွင် ဖြာထွက်လာသော အလင်းရောင်သဲ့သဲ့နှင့်အတူ
ဓာတ်လှေကား တံခါးပွင့်လာသည်။

ဟွမ်ကျွင့်ကျယ် အခန်းနံပါတ်404 သို့
သွားရန်ပြင်နေချိန် အသံကြားလိုက်ရ၍
လှည့်ကြည့်လိုက်မိရင်း တွေးလိုက်သည်။
' ဒီချိန်ကြီး . . ဓာတ်လှေကားစီးတဲ့သူ
ရှိသေးတာလား '

လှည့်ကြည့်လိုက်သော်လည်း ဘယ်သူမှ
မရှိဘဲ ပွင့်နေတဲ့ဓာတ်လှေကားကြောင့်
ကျွင့်ကျယ် နားမလည်နိုင်ဖြစ်သွားသည်။
' ဘယ်သူမှမရှိဘူး . . ဘယ်သူမှမရှိဘဲ
ဓာတ်လှေကားက ဘယ်လိုလို့ရပ်နေတာလဲ
ကြည့်ရတာ . .ဓာတ်လှေကား ပျက်ချင်နေတာနဲ့တူတယ် '

ဟွမ်ကျွင့်ကျယ် ထိုသို့သာ ပေါ့ပေါ့ပါးပါးတွေးလိုက်ပြီး တစ်ဖက်သို့ပြန်လှည့်လိုက်
ချိန်တွင် . . . .

ပါးပါးရော .. ပါးပါးက ဘယ်ရောက်သွား
တာလဲ ~~
ငါ ဓာတ်လှေကားထဲမှာ နေရတာပျင်းလာပြီ...

ပါးပါးက ဘယ်တော့လာခေါ်မှာလဲ ~~~
အဟင့် . . အဟင့် ပါးပါးရေ ~ ~

ပါးပါး ဘယ်မှာလဲဟင် ~~

တိတ်ဆိတ်နေသော အချိန်တွင်
ကလေးမလေးတစ်ယောက်၏ ဆွဲငင်ငိုယိုကာ ပြောနေတဲ့အသံကိုကြားလိုက်ရသဖြင့်
ကျွင့်ကျယ် ဓာတ်လှေကားရှိရာဘက်ကို
ပြန်ကြည့်လိုက်သော်လည်း
မည်သူမှမရှိ . . . .

ပါးပါးက ငါ့ကိုမုန်းသွားပြီနဲ့တူတယ် . . . .
ပါးပါးက ငါကို ပြန်လာမရှာတော့ဘူး
အဟင့် . . အဟင့် ပါးပါး~~

မိနစ်အနည်းငယ်ကြာအောင် ငိုယိုနေသောအသံသည် တစ်စုံတစ်ခုအား တွေ့လိုက်ရ၍
ခဏမျှတိတ်သွားပြီးနောက် ပျော်ရွှင်နေသော
အသံဖြင့် ပြောလာသည်။

What will happen on April 8 ?Where stories live. Discover now