March လပိုင်း 28ရက်နေ့ . .
နေကြတ်ဖို့ 10ရက်အလို. .
နေ့လည် 12:30 . . .တင်းတောင် . .တင်းတောင် . . တင်းတောင်. .
ဟွမ်ကျွင့်ကျယ် မျက်ခုံးကျုံ့လိုက်ကာ နားနှစ်ဖက်ကို လက်ဖြင့်ပိတ်လိုက်ရင်း ဆိုဖာပေါ်မှ ထလိုက်ပြီး တံခါးဆီလျှောက်သွားလိုက်ကာ တံခါးနောက်မှာ မတ်တပ်ရပ်လိုက်ရင်း မေးလိုက်သည်။
" ဘယ်သူလဲ . . ဘာကိစ္စရှိလို့လဲ"
deliver သမား တံခါးနောက်မှာ ခပ်ရှရှအသံကြောင့် သတွေးမြိုချလိုက်ရင်း ဗူးပေါ်မှာလိပ်စာအား သေချာပြန်ကြည့်လိုက်သည်။
' ချုံချင့်မြို့ . . လမ်းနံပါတ် (14)
ဟောက်ကျင့်အိမ်ရာ အခန်းနံပါတ် 403 . . . 'အခန်းနံပါတ် 403 ....deliver သမား တံခါးမှ
နံပါတ်ကို မော့ကြည့်လိုက်ရင်း စိတ်ထဲမှပြောလိုက်သည်။
' ငါ . . လာပို့တဲ့ နေရာမှန်ပါတယ် '..."အာ . . ဟို ကျွန်တော် ပီဇာလာပို့တာပါဗျ. .
အခန်းနံပါတ် 403က ပီဇာမှာထားလို့ပါဗျာ "ဟွမ့်ကျွင့်ကျယ် ပျင်းရိပျင်းတွဲအသံဖြင့် ပြောလိုက်သည်။
" ပီဇာလား . . ဟုတ်သားဘဲ ငါမှာထားတာဘဲ
အဲ့အရှေ့မှာ ထားခဲ့လိုက် . . ."" ဟုတ် . . ဟုတ်ကဲ့ "
deliver သမား ပီဇာဗူးအား တံခါးရှေ့မှာချထားလိုက်ရင်း ပြောလိုက်သည်။" ဟို . . ဒါနဲ့လေ . . ဝယ်ယူသူခင်ဗျာ
ငွေပေးချေဖို့အတွက်ကရော .."ဟွမ်ကျွင့်ကျယ် တံခါးကို ပျင်းရိပျင်းတွဲမှီလျက် ပြောလိုက်သည်။
" တစ်ခါထဲ ငွေပေးချေပြီးသား . .မယုံရင်ပြန်စစ်ကြည့် ကြည့်လိုက် . ."deliver သမား ဖုန်းကိုထုတ်၍ စစ်ကြည့်လိုက်ပြီး အားနာသောလေသံဖြင့် ပြန်ပြောလာသည်။
" အနှောင့်ယှက်ဖြစ်စေမိရင် တောင်းပန်ပါတယ်ဗျာ . . ဝယ်ယူသူက ငွေပေးချေပြီးပါပြီ
ဝယ်ယူအားပေးမှု အတွက် ကျေးဇူးတင်ပါတယ် "" အင်း . ."
ဟွမ်ကျွင့်ကျယ် ခေါင်းကိုဆွဲဖွလိုက်ရင်း
ပြန်ဖြေလိုက်သည်။စိတ်ထဲတွင်လည်း
' စကားများ လိုက်တာ ' . .deliver သမား ပို့စရာရှိတာ ပို့ပြီးသည်နှင့်ကျောချမ်းလာသောကြောင့်
ခပ်သွက်သွက် လှည့်ပြန်လိုက်သည်။စိတ်ထဲတွင်လည်း တွေးလိုက်သည်။
' အခုခေတ် . . လူငယ်တွေကတော့ တကယ့်ကိုဘဲ အိမ်တွင်းပုန်းနေကြပြီး ထူးဆန်းလာကြတယ် '
YOU ARE READING
What will happen on April 8 ?
Fantasíaခင်ဗျားတို့ သိလား . . '' စိတ်ပျက်စရာ အကောင်းဆုံးဆိုတာ '' ...ဘာတွေဖြစ်လာ မလဲဆိုတာကို ကြိုသိနေရဲ့သားနဲ့ မသိသလိုဟန်ဆောင်နေရတာ . . . . ဟွမ်ကျွင့်ကျယ် . . . . အဲ့ကောင်လေးက ထူးဆန်းတယ် . . ဘာကြောင့်မှန်းမသိပေမဲ့...