အပိုင်း ၈ (Unicode)

66 4 0
                                    

ကြားဘူးနေကြအသံဖြစ်သော်လည်း အိပ်ပျော်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသဖြင့် အတော်ကြာမှပြန်ထူးမိသည်

"ဟုတ် ဟူတ်ပါတယ် မမဆည်းဆာ"

တစ်ဖက်မှ ခဏလောက်တိတ်သွားပြီး

"မနက်က လာတာ နန်းလား"

"ဟုတ်ပါတယ် မမဆည်းဆာက မအားဘူးဆိုတော့ နန်းထားခဲ့လိုက်တာ ဘာလို့  လဲဟင်"

"ဟူး … နန်းမှန်းသိရင် မမ ဆင်းလာတာပေါ့ကွယ်
ခုတော့ အားနာစရာကြီး "

"ဟာမဟုတ်တာ နန်းကမှ အလိုက်မသိတာပါ"

"ကဲပါ မမ အခု ချိုင့်လာပေးလို့ ရတယ်မှတ်လား"

"ဟမ် မမ ဆည်းဆာက အိမ်ကိုလာမလို့ လား"

"ရတယ်လေ နန်းက မမ ကို အိမ်ကိုခေါ်ချင်လည်း ရတယ် အပြင်သွားမယ်ဆိုလည်းဖြစ်တာပဲလေ"

"အဲ့ဒါဆို အပြင် …"

"နန်း အသံတွေ နာနေတာလား "

"ဟုတ် နဲနဲ ပါ"

"အဲ့ဒါဆို မမ နန်းအိမ်ကိုလာ ခဲ့မယ် အပြင်မထွက်နဲ့ ကြားလား"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

မမ ဆည်းဆာလာမယ်ဆိုတော့ မိမ် တိုက်ခန်းရှုပ်ပွနေတာလေးကို မြန်မြန်ထ ရှင်းလိုက်ပြီး နဲနဲ အေးလာတော့ အနွေးထည်လေး ဝတ်ရင်း မမဆည်းဆာအတွက် တစ်ခုခု စားဖို့ လုပ်ပေးထားရမည်

ခဏအကြာ တံခါးခေါက်သံ ကြားရသဖြင့် မမဆည်းဆာရောက်ပြီဆိုတာ သိလိုက်သည်ထို့ ကြောင့် တံခါးဖွင့်ပေးရန် အပြေးလေး သွားမိသည်

တံခါးဖွင့်လိုက်တော့ မမက နန်းကို ပြုံးပြသည် အဲ့အပြုံးမှာအားနာမှုတွေပါနေသည်

"နန်းလေး မမ မနက်က မလာမိတာ တောင်းပန်ပါတယ်နော်"

"မဟုတ်တာ မမဆည်းဆာကလည်း နန်းသာ မမ အလုပ်ချိန်ကိုလာမိတာကို"

"ဟုတ်ပါပြီ မမ ချိုင့်လာပေးတာ"

လာလေ မမဆည်းဆာအိမ်ထဲ ဝင်ပါအုန်း

"မမ အဲ့မှာ ခဏထိုင်နော် နန်း မမ အတွက်တစ်ခု သွားလုပ်လိုက်အုန်းမယ်"

ဆည်းဆာက ချိုင့်လေး သယ်လာပြီး ဝင်လာခဲ့တယ်
ဆေးရုံ က ချက်ချင်းလာလို့ ထင်တယ် အကျီမှာ ဆေးရုံ အနံ့ ရော ရေမွှေး အနံ့ လေးတွေပါ ဆွဲနေတယ်

A love songWhere stories live. Discover now