ဒီနေ့ ရဲ့ အတက်ကြွဆုံးဟာ သဒ္ဒါ့ ဘေးနားက နန်းမြင့်မိုရ်လို့ပြောလျှင် မ မှားပါ
ကားပေါ်ရောက်ထည်းက ဖင်မငြိမ်တာခုထိပြီ" နန်း နင် ငြိမ်ငြိမ်မနေဘူးလား "
" ဘာလို့လဲ သဒ္ဒါရယ် ငါငြိမ်ငြိမ်မနေတာ နင့်ကိုဘာလုပ်လို့လဲ နင်လည်းနော် တစ်မနက်လုံး အဲ့ဖုန်းကိုပဲကြည့်နေတာ ဘာဖြစ်တာလဲ "
" ဟူး .....ဘာမှမဖြစ်ပါဘူးဟာ "
" ဟာ ဟိုမှာ မမ လာပြီ "
နန်းညွှန်ပြရာကြည့်လိုက်တော့ ဆစ်မဆည်းဆာပေ ဆည်းဆာ နှင့်နန်းတို့က တစ်ကားထည်းမဟုတ်ပေမဲ့ ဆည်းဆာ ဒီဘက်ကိုလာတော့ သဒ္ဒါ ရော နန်းပါ အံသြသွားသည်
" အမယ် ဒီကလေးတွေအစောကြီးရောက်နေတာပါလား "
" မပြောချင်ပါဘူး အစ်မရယ် မိုးလင်းထည်းက နန်းက အိမ်ရောက်လာတာ "
" တက်ကြွလိုက်ကြ တာ နန်းလေးက ဒါနဲ့ မနက်စာ စားပြီးပြီလား ခဏနေရင်ကားထွက်တော့မှာ မစားရသေးရင် အဆင်မပြေဘူးနော် "
"ဟုတ် မစားရဘူးလေး မမ
အစ်မ"နှစ်ယောက်သား ပြိုင်တူဖြေလိုက်ကြသော်လည်း အခေါ်ဝေါ်တွေတော့ ကွဲသွားကြသည်
" အဲ့ဆို ဒီမှာ မမ အိမ်က ကြက်ဥပေါင်မုန့်ကျော်လာတယ် မျှစားလိုက်နော် "
ဆည်းဆာအိပ်ထဲမှ ဘူးလေးကိုထုပ်ကာ နန်းကို ပေးလိုက်သည်
" ဒါနဲ့ မမ ရော စားပြီးသွားပြီလား "
" နန်းတို့ပဲစားကြပါ မမ က ဘာမှမဖြစ်ဘူး "
" ဟော မဖြစ်ဘူးလေ မမ ကလည်း "
သဒ္ဒါတစ်ယောက်ငိုပါငိုချင်လာသည်
မိမိရှေ့တွင် အဖြစ်သည်းနေသော နန်းကို ဝါးစားပစ်ချင်သည်" ပေးပေးငါ့ကိုပေး ငါစားပစ်မယ် "
" ဟဲ့နေအုန်းလေ မမ မစားရသေးဘူး "
" နင်မတွေ့လား အစ်မ မစားပါဘူးဆိုနေ နော်အစ်မ "
" ဟုတ်တယ် နန်းတို့ပဲစားကြနော် အစ်မသွားပြီ "
" ဟီး ဟုတ် ဟုတ်ကျေးဇူးပဲနော် မမ "
ဆည်းဆာ ကားပေါ်က ဆင်းခါနီး ခေါင်းငြိမ့်ပြသွား သည် မကြာပါဘူးကားဟာ စထွက်ပါပြီ
YOU ARE READING
A love song