အပိုင်း ၁၁ (unicode)

92 5 2
                                    

နေရောင်ခြည်လေးတွေငှက်သံလေးတွေနဲ့အတူ နေမင်းကြီးက ကမ္ဘာမြေပေါ်ကို အလင်းရောင်စပေးနေပြီ နေခြည်ခပ်နွေးနွေးက အိပ်ယာထဲအိပ်နေသူကို အနှောက်ယှက်ပေးသလိုဖြစ်နေသဖြင့် အိပ်ယာပေါ်မှာ လှိမ့်နေတာ ဘယ်အကြိမ်ရှိမှန်းတောင်မသိတော့ပေ

တီ တီ တီ

ဖုန်းခေါ်နေတာကြာပြီဖြစ်သော်လည်း တစ်ဖက်လူဆီက အသံမကြားရ တီ တီ တီ ဟူ သောအသံသာ ကြားရ ၍ ဆည်းဆာ အနည်းငယ် ဘ၀င်မကျတော့ပါ

နန်းမြင့်မိုရ် ဖုန်းကို အသံပိတ်ထားသဖြင့် ခါတိုင်းကြားနေကြ သီချင်းမဟုတ်ပေထို့ကြောင့်လည်း အကြိမ်ကြိမ်ခေါ်နေသော ဖုန်းကို မသိခြင်းပေ
အိပ်ယာထဲမှ ဖုန်းကို စမ်းကာ ကိုင်လိုက်သည်
သို့သော် မျက်လုံးတို့ဟာ မှိတ်ထားဆဲ

" ဟယ်လို ဘယ်သူလဲမသိဘူး "

တစ်ဖက်မှ အိပ်စုံမှုံ၀ါး အသံကြားရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်

"နန်းလေး အိပ်နေတာလား မရည်ရွယ်ပါဘူးကလေးရယ်
မမ အပြင်သွားစရာလေးရှိလို့ လိုက်ပို့ပေးပါလား မျိုးခန့်က မအားဘူးဆိုလို့ "

ဆည်းဆာ သံကြားမှ မျက်လုံး နှစ်ဖက်က အမိန့်မရဘဲ အလိုလိုပွင့်သွားကာ

" မမ ဖုန်းခေါ်တာကြာပြီလား နန်းအိပ်ပျော်သွားလို့ပါ ခဏလေးစောင့်နော်ရေချိုးပြီးတာနဲ့လာခဲ့မယ် "

" အင်းပါ မမ တို့ အိမ်ကိုပဲလာခဲ့နော်ဘာမှစားမလာနဲ့သိလား မမ ကျွေးမှာမို့လို့ "

" ဟုတ်ကဲ့ ခဏလေးပဲစောင့်နော် "

" အွန်းပါ ဖြေးဖြေးလုပ်နော် နန်း "

ဆည်းဆာပြောသောစကားကြောင့် နန်းခုမှမိုးလင်းပြီး အခုပင်မိုးပြန်ချုပ်သွားသည်
နန်းရေချိုးပြီးသည်နှင့် အညိုရောင်
style pantဘောင်းဘီလေး၀တ်ကာအပေါ်က
crop tops အမဲရောင်လက်တိုလေးနှင့် ခန္ဓာကိုယ်ဟာတစ်သားထည်းပင်
ဆံပင်ကိုချထားပြီး ဆိုင်ကယ်ဦးထုပ်ဆွဲကာ ဆည်းဆာ အိမ်ကိုထွက်လာခဲ့သည်
မနက်ခင်း စောသေးတာကြောင့် နေအပူချိန်ဟာကျဆင်းနေသည် အတော်တန်ကြာအောင်မောင်းပြီးမှ ဆိုင်ကယ်လေးက ဆည်းဆာအိမ်ရှေ့ကို ရောက်လာခဲ့သည်

A love songWhere stories live. Discover now