"မင်း ဒီ နေ့ ည လှတယ်"
သဒ္ဒါလည်းရှက်ပြုံးလေးဖြင့် ခေါင်းလေးငုတ် ကာ
"ဝိုင်လည်း ဒီနေ့ ည အရမ်းလှတယ်"
"တို့ လှတာ တို့ သိပါတယ် မင်းသာ တို့ ကိုမျက်လုံးကျွတ်ထွက်မတက် ကြည့် နေလို့ မင်းလှကြောင်းလည်း မေ့နေမှာ စိုးလို့ သတိပေးတာ
သဒ္ဒါလည်းရှက်ရှက်နဲ့ ခေါင်းလေး ငုံ့ နေမိသည်
"မင်းအဲ့လို ခေါင်းကြီးပဲငုတ်ပြီးရှက်မနေ နဲ မသိရင် တို့ ကအတင်းရည်းစားစကားလိုက်ပြောနေသလိုပဲ "
မူးနေတာတောင် လှတဲ့ မိန်းမ မျိုး
မူးနေတာတောင် စကားလုံး လှလှလေးတွေပြောတက်တဲ့မိန်းမမျိုးမူးနေသည် ဖြစ်တက်အတွက် ဝိုင့် မျက်နှာ ပန်းနုရောင်လေးမှာ အနီဘက်ကိုသန်းနေသည် နှုတ်ခမ်းတို့ သည်လည်း နီထွေးထွေးလေးနဲ့ ကိုက်ချင်စရာလေးပင်
မနက်ကသာယာနေသော ရာသီဥတုသည် ယခု အချိန်မှ မိုးပေါက်ကလေးတွေ ကျလာသည်
"ဝိုင် လာ သွားရ အောင် မိုးရွာတော့မယ် "
"မိုး လား …သိပ်မရွာပါဘူးကွာ လာ တို့ နောက်လိုက်ခဲ့"
သွားနေသည့် လမ်းအတိုင်းဆို အခုဟာက ဝိုင့် ဆိုင်ဆီသွားနေခြင်းပင် အနောက်က လိုက်ခဲ့ဆိုသော်လည်း သဒ္ဒါ ဘေးတိုက်မှ လိုက်ကာ ဝိုင့် ရဲ့ မျက်နှာနီးထွေးထွေးလေးကို ဘေးတိုက်မှ ခိုးကြည့်တစ်ချက် ပေါ်တင်ကြည့် လိုက်လုပ်နေမိသည် ဒါကို ဝိုင် သဘောကျနေသလားပဲ ခပ်ပြုံး ပြုံး လေးနဲ့ ပင် ဝိုင် ခေါင်းပေါ်မိုးရေစက်တို့ ကျနေလေသည် မိုးကရွာသော်လည်း အရမ်းကြီးမဟုတ်ပေ
သို့ သော် ဝိုင့် ခန္ဓာကိုယ်မှာ ဟိုတစ်စက်ဒီတစ်စက်နဲ့ မိုးရေစက်တို့ ပျံ့ ကျဲနေလေသည်အခုလို ကိုယ် ချစ်ရသူနဲ့ မိုးရေစက်တို့ အောက် လမ်းမီးရောင်အောက်တွင် လမ်းတူတူလျှောက်ရသည်မှာ စာရေးဆရာမ ပန်းသဒ္ဒါမောင်တို့ အတွက် သိပ်ကို ကဗျာဆန် တဲ့ ဇာတ်ဝင် ခန်း တစ်ခု ပင်ဖြစ်လိမ့်မည်
ဆိုင်ရှေ့ အရောက်တွင် ဝိုင်သည် ပိုက်ဆံ အိတ်ထဲမှ ဆိုင်သော့ကို ယူတာ သော့ကို ဖွင့် ဟန် ပြင်နေသောကြောင့်
YOU ARE READING
A love song