P_6 (U)

1.1K 183 4
                                    

" အာဏာကြီးတဲ့မိသားစုကလား ?
သာမန်မိသားစုကလား ? "



မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာအတွင်း ပါဝင်ရာနေရာ နီရာဝီမြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာဖြစ်တယ်။

လူနေအိမ်တွေ ရှိနေပေမဲ့ လက်ရှိမှာ လူတွေနေထိုင်နေတဲ့ဟန်တော့ မရှိတော့ဘူး။ တချို့အိမ်တွေ အများစုဟာ အပျက်အစီးပုံဘဝကို ရောက်ရှိနေပြီးပြီ။ အိမ်ခြံစည်းရိုးပေါင်း များစွာဟာလည်း ပြိုကျပျက်စီးနေပြီးပြီ။ ရပ်ကွက်လမ်းမတွေပေါ်မှာလည်း ကွန်ကရစ်တုံး၊ အုတ်အကျိုးအပဲ့တွေနဲ့ အမှိုက်သရိုက်တွေက မြင်မကောင်းအောင် ရှိနေတယ်။ တချို့အိမ်တွေမှာ မီးလောင်ခံထားရလို့ ကြွင်းကျန်နေတဲ့ မီးခိုးမှိုင်းရာကြီးတွေနဲ့။ တချို့နေရာတွေမှာတော့ ကန့်သတ်စည်း တားထားတဲ့ အနီရောင်တိတ်ကြိုးတွေက ဖရိုဖရဲ လျော့ရိလျော့ရဲနဲ့။ အတော်လေး အမြင်ရှုပ်ဖွယ်အတိပဲ။ ဒီရပ်ကွက် ဒီနေရာဟာ ဘယ်နေရာကြည့်ကြည့် လုံးဝကို အပျက်အစီး အပြိုအပျက်တွေချည်း။

အဲဒီလို ရစရာမရှိအောင် ကျန်ရစ်နေတဲ့ နေရာမျိုးမှာ တစ်စုံတစ်ရာကို ရယူချင်နေကြတဲ့ လူအုပ်စုတွေကတော့ ရှိနေကြလေရဲ့။ ဆောက်လုပ်ရေးလုပ်သားတွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ရှေ့ဆက်မလုပ်ကိုင်နိုင်ဘဲ ရပ်တန့်ထားကြရတယ်။ POWER Construction Group ဆိုတဲ့ စာတန်းပါ အနက်ရောင် အပေါ်ထပ်ဂျာကင်တွေကို ဝတ်ဆင်ထားတဲ့ လုံခြုံရေးတွေက သူတို့ရဲ့ ဆောက်လုပ်ရေးခွင်ကို ကာကွယ်နေကြတယ်။ ဆောက်လုပ်ရေး လုပ်သားတွေနဲ့ လုံခြုံရေးတွေက အနည်းဆုံးတော့ လူပေါင်း(၅၀)ထက်ကို မနည်းဘူး။ အားလုံးက သူတို့နဲ့ မလှမ်းမကမ်း တစ်နေရာမှာ ရှိနေတဲ့ ဆန္ဒပြလူအုပ်စုကြီးကို စိတ်ပျက်ခြင်းများစွာနဲ့ ကြည့်နေကြလေရဲ့။

"နီရာဝီစီမံကိန်းကနေ POWER လုပ်ငန်းစု နုတ်ထွက်ပေး ...နုတ်ထွက်ပေး"

"လူသတ်သမားကုမ္ပဏီ အလိုမရှိ ...အလိုမရှိ"

"သက်ကြီးရွယ်အိုတွေကို မလေးစား မငဲ့ညာဘဲ လူမဆန်စွာ သတ်ဖြတ်တဲ့ လုပ်ငန်းစု၊ နီရာဝီစီမံကိန်းကနေ အပြီးတိုင် နုတ်ထွက်ပေးကြ"

Safe Zone (ခေတ္တရပ်နားထားပါသည်။)Where stories live. Discover now