part 5

10.5K 178 12
                                    

🔞သူသာလျှင်အရှင်သခင်🔞

အပိုင်း5

ကာရံလင်းနဲ့ ဘုန်းခန့် ဒီကို ရောက်နေတာ သုံးရက်ရှိပြီဖြစ်ပေမယ့် ကိုကြီးသတင်းအစနလေးတောင်မကြားသိခဲ့ရပေ ပိုထူးဆန်းတာက တကိုယ်လုံးအမဲရောင် ဝတ်ဆင်ထားတဲ့လူတွေက သူတို့နောက်မှာအမြဲတမ်းမသိမသာ လိုက်နေသည်

ဘယ်သူအိမ်မှာနေရတယ် မသိရဘဲ လူတစ်ယောက်က ကျောင်းပြန်တက်ဖို့ စီစဉ်ပေးသည်တဲ့ ကိုလတ်က ထိုလူတွေကို မယုံဖို့ ပြောပေမယ့် ကာရံလင်းကတော့ ဖြူစင်စွာ ဆက်ဆံပြီး မေးမြန်းကာ ဒါက ကိုကြီးက ထီလက်မှတ်မဲပေါက်ပြီး ငါတို့ကို ဒီအိမ်မှာနေစေသည်တဲ့လေ ... ယုံချင်စရာစကားတွေ ကိုကြီးကထီထိုးဖို့နေနေသာသာ ထီထိုးရင်အမြဲဆူနေတတ်သည်လေ။

Hey ...အလှလေး !!

ဘယ် ..ဘယ်သူလဲဗျ

ကိုက မင်းအကိုရဲ့သူငယ်ချင်းပါ ...
ကို့နာမည်ကခေါင်ရိုင်းထန်!!!

ဟုတ် ကျွန်တော်က ဆိုင်းကာရံလင်းပါဗျ
ကိုကြီးကိုလည်း စောင့်ရှောက်ပေးပါအုံးနော်

ခေါင်လည်း သူအရှေ့က အလှလေးကိုရင်းနှီးချင်လို့သာ ဒီလာတာ အလှလေးပြောနေတဲ့ကိုကြီးကို သူ သိတောင်မသိပေ

ကျောင်းသွားဖို့ပြင်နေတာလား

ဟုတ်

အဆင်ပြေရင်ညစာအတူစားချင်လား

ဟို ကျွန်တော် !!

မင်းလက်ခံလိုက်ပြီလို့ ကိုသတ်မှတ်ပြီနော်

ခေါင်ရိုင်းထန်သူဘာသူ‌‌ပြော သူဘာသူ ပြန်ခေါင်းညိတ်ပြီး အပြင်ကိုထွက်သွားလိုက်တော့သည် ကာရံလင်း နားမလည်စွာ ထိုလူနောက်ကျောကိုသာ ရပ်ကြည့်မိသည်။

ကာရံ!!! ကာရံ!!!

ဟင်...အာ...ဟုတ် ကိုလတ်!!!

ဘာဖစ်နေတာလဲ ခေါ်နေတာကြာပြီ...
တစ်ခုခုစိတ်ရှူပ်စရာရှိလို့လား

ဟင့်အင်း...ကျွန်တော်ဘာမှမဖြစ်ဘူးဗျ
ဒါနဲ့ ကိုကြီးသတင်းရပြီလားဟင် ..

ဘုန်းခန့် ခေါင်းအသာခါတော့ ကာရံလင်း မျက်နှာ ပျက်သွားသည် ...

🔞သူသာလျှင် အရှင်သခင်🔞Where stories live. Discover now