မနက်ရောက်တော့ ခေါင်းငုံ့ကာ ဘာမှမပြောရဲတဲ့ အသေးလေးနဲ့ ဘေးက သူအကိုက သူညီလက်ကို ဆွဲထားလေသည် ။" ကာရံ..မင်းပြောတော့လေ "
"ဟို..က..ကစားမိလို့ တောင်းပန်ပါတယ်အကိုကြီး "
"ကျွန်တော့်ညီလေးအစား ကျွန်တော်တောင်းပန်ပါတယ် အကို အကိုခွင့်လွှတ်ပေးလို့ရမလား "
"မင်းမတောင်းပန်ရင်တောင် ငါကခွင့်လွှတ်ပေးပြီးသားပါ "
"ကျေးဇူးတင်ပါတယ်ဗျာ "
"ရပါတယ် သူပြောသလိုဘဲငါဘက်က အရင်မရိုးသားခဲ့တာဘဲ ဒီလောက်တော့ ခံရမှာပေါ့ "
" ဟုတ်..ကျေးဇူးပါဗျာ့ "
တောင်းပန်စရာရှိတာ တောင်းပန်ပြီးမှ ကောင်လေးမျက်နှာက ဇီးရွက်လောက်သာ ကျန်တော့သလိုပင်နီရဲနေပြီး ခေါင်းတောင်မမော့ရဲပေ ခေါင်ရိုင်းထန်ကလည်း ဆေးလိပ်ကို မီးညှိကာ
"ပြောစရာမရှိတော့ရင်လည်း ထွက်သွားကြတော့လေ "
" အာ..ဟုတ်..ဟုတ် "
ကောင်လေးနှစ်ယောက်က ကားငှားကာ ပြန်သွားပေမယ့်သူကတော့ ထိုနေရာမှာ ကျန်ခဲ့တုန်းပင်
"ဒါနဲ့ မင်းတို့ ဘာလို့ ဒီနေရာမှာ နေနေကြတာလဲ "
"အခုမှသတိထားမိတာလားဘောစ့် "
ဟုတ်ပါတယ် သူခုမှသတိထားမိသည် ။ ရက်အတန်ကြာအောင် သူဒီမှာဘဲနေနေမိခဲ့သည်လေ။
"ဒီနေရာက အကိုကြီးရစ်ဇယ်က ဝယ်သွားတာပါဘောစ့် "
"မပြောနဲ့လေ .."
"ငါက !!
တစ်ယောက်နဲ့တစ်ယောက်ငြင်းနေကြတာမို့ ခေါင်ရိုင်းထန်သဘောပေါက်ကာ
" ငါအိမ်ပြန်တော့မယ် မင်းတို့ ဒီမှာနေမလား ငါနဲ့လိုက်နေမလား "
" ကျွန်တော်တို့ ဒီမှာဘဲနေဖို့ "
အဲ!!
" ငါသိပြီ!!
ခေါင်ရိုင်းထန် ဘာမှဆက်မပြောတော့ဘဲ ထိုနေ့မှာဘဲ လေယာဉ်စီးကာ သူမိဘရှိတဲ့ မြန်မာပြည်ကို ပြန်သွားတော့သည်။ သူအဖေတော့ သေချာပေါက် စိတ်ဆိုးမယ်ဆိုပေမယ့်ပေါ့

YOU ARE READING
🔞သူသာလျှင် အရှင်သခင်🔞
Romance!!!ငါသာမင်းကိုပိုင်သည်!!! ကုဋေမြတ်ခမ်း !!!ဒီဘဝမှာမင်းလိုလူနဲ့ပက်သက်မိတာကို ငါနောင်တအရဆုံးဘဲ ကုဋေ!!! ဆိုင်းနေအလင်း !!!ငါမင်းကိုချစ်တယ်!! ခေါင်ရိုင်းထန် !!ကျွန်တော်ဂေးမဟုတ်ဘူး!!! ဆိုင်းကာရံလင်း