သူသာလျှင်အရှင်သခင်
အပိုင်း 14
ဆိုင်းကာရံလင်းဆိုင်တွေပိတ်ကာ အထဲကိုပြန်ဝင်လာတော့ လက်ကိုကိုက်နေတဲ့ ကာရံလေးနဲ့ ပြောမိတဲ့ ဘုန်းခန့်က ထိုင်ကာခေါင်းငုံ့ထားလေသည် ။
ထိုလူကြီးထွက်သွားပေမယ့် ကာရံကတော့ ကိုကြီးစိတ်ဆိုးသွားမလား ကိုသာစိတ်ပူနေလေသည်။
"ဘုန်းခန့် "
"ကိုကြီး!!!
ခေါ်တာက ကိုလတ်ဖြစ်ပေမယ့် ကာရံမျက်ရည်ဝဲကာ ကိုကြီးစိတ်မပျက်ဖို့အရေး စိတ်ပူရင်းခေါ်လိုက်သည်။
"ဘုန်းခန့် ငါ့ကိုပြော ခုနကပြောတာတွေကဘာတွေလဲ "
"ကို..ကိုကြီး "
"တိတ်တိတ်နေစမ်းကာရံလင်း "
" ကိုကြီးကြားတာအမှန်ဘဲ "
" ကိုလတ် မပြောနဲ့ "
"ကျစ့်!!ဘယ်ကတည်းကလဲ ကာရံ .."
"ငယ်ငယ်ကတည်းးက "
"ကိုလတ်မပြောနဲ့လို့ပြောနေတယ်လေ "
ဆိုင်းလည်း ကိုယ့်နားကိုပင်မယုံနိူင်ပေ ...သက်ပြင်းချကာ
"ကာရံ...ကိုကြီးမင်းနဲ့ဘုန်းခန့်ကို ထပ်တူညီမျှချစ်တယ်သိတယ်မလား "
" ကိုကြီးဟင့် !!
"ကိုကြီးပြောမယ် နားထောင် ကာရံလေး..မငိုနဲ့ "
ဘုန်းခန့်ကတော့ နားသာထောင်တာ အခုထိခေါင်းမဖော်ဘဲ ငုံ့ထားလေသည် !!
"မင်းကိုကြီးကိုချစ်ပေးတာကိုကြီးကျေးဇူးတင်တယ် "
ဟင်!!
ငိုကာ ဆိုင်းကိုကြည့်ရင်း ဆိုင်းလည်းသူညီလေးကိုမျက်ရည်သုတ်ပေးကာ
ကိုကြီးသိပါတယ် ကိုကြီးဒီလိုကြင်နာပေးလို့ ကာရံ သဘောထားပြောင်းသွားတယ်မလား ..အမေမရှိတော့တဲ့နောက်ပိုင်း ကိုကြီးကဘဲ စောင့်ရှောက်လာလို့ ကာရံသဘောထားပြောင်းလဲရင်ပြောင်းလဲလိမ့်မယ် ဒါမယ့် ကိုကြီးက မင်းတို့နှစ်ယောက်လုံးကို ကို့အသက်ထက် ချစ်တယ် ကိုကြီးမှာအားကိုးစရာဆိုလို့ ကိုကြီးရဲ့ညီလေးတွေဘဲရှိတာ "
YOU ARE READING
🔞သူသာလျှင် အရှင်သခင်🔞
Romance!!!ငါသာမင်းကိုပိုင်သည်!!! ကုဋေမြတ်ခမ်း !!!ဒီဘဝမှာမင်းလိုလူနဲ့ပက်သက်မိတာကို ငါနောင်တအရဆုံးဘဲ ကုဋေ!!! ဆိုင်းနေအလင်း !!!ငါမင်းကိုချစ်တယ်!! ခေါင်ရိုင်းထန် !!ကျွန်တော်ဂေးမဟုတ်ဘူး!!! ဆိုင်းကာရံလင်း