သူသာလျှင်အရှင်သခင်
အပိုင်း 13
" အကိုကြီး ဘာဖြစ်လာတာလဲ "
သူလူတွေအနားကိုဝိုင်းလာကာ မေးတော့ သူဘာမှဆက်မပြောပေ တစ်ယောက်ပြီးတစ်ယောက်ရီမောကာ
" အကိုကြီး ပန်းတွေရော ပူးပေါင်းတွေရော ပြင်ဆင်ပြီးပြီ ဘောစ့်က ဘယ်ချိန်ပြန်လာမှာလဲ "
"အကိုကြီးက ဘာဖစ်ဖစ်ရအောင်ယူထားမှာဘဲကို
ခနလောက်ဖြစ်ဖြစ်စိတ်ရှည်စမ်းပါ မင်းကလဲ "
" အကုန်ဖျက်စီးပစ်လိုက် "
ဟင်!!
" ဗျာ!!
" မင်းတို့ ငါ ဘောစ့်ကို သူပြောသလိုနည်းလမ်းနဲ့ဖမ်းချုပ်ထားရမလား ဒါမှမဟုတ် ငါ ဘောစ့်ရဲ့ခြေထောက်ကိုရိုက်ချိုးပြီး အခန်းထဲမှာဘဲ ထည့်ထားရမလား "
"အဲ ဘာဖြစ်လာတာလဲ အကိုကြီး စိတ်လျော့ "
"ဘောစ့်နဲ့ရန်ဖြစ်လာပြန်ပြီလား အကိုကြီး "
သူလူေတွမို့ သူ ဘောစ့်ကို သဘောကျမှန်း အစကတည်းကသိထားကြသည် မဟုတ်ရင် ceoတစ်ယောက်က သူတို့ကိုငှားပြီး ခေါင်ရိုင်းထန်လက်ထဲထည့်ပေးမလားလို့ !!!
ပြင်ဆင်ထားတဲ့လက်စွပ်ဘူးကိုမရရအောင်ပေးမယ်လို့စဉ်းစားထားပေမယ့် အခုချိန်မှာတော့ သူစိတ်က တင်းကြပ်စွာပင် ဘာဆက်လုပ်ရမလဲ လမ်းပျောက်နေပြီဖြစ်သည်။
" အ..အကိုကြီး..."
"ငါတို့အိမ်ပြန်ကြတော့မလား "
"ဗျာ !!
"ဟားးး"
" ဟိုမှာ bossပြန်လာပြီအကိုကြီး "
" မြန်မြန် လုပ်ထားသမျှအကုန်ဖျက်ဆီးလိုက်
ဘောစ့်အပျော်ကို မဖျက်ဆီချင်ဘူး "
ဟုတ် !!!
ခေါင်ရိုင်းထန် သီချင်းညည်းကာ ပြန်ရောက်လာတော့သည်။ အပေါက်ဝမှာရပ်နေတဲ့ရစ်ဇယ်ကြောင့် သူရစ်ဇယ်ကိုကြည့်ကာ
"ရစ်ဇယ် ဘာလို့အပေါက်ဝမှာရပ်နေတာလဲ "
" အာ ဝင်တော့မလို့ပါ ဝမ်းသာပါတယ် ဘောစ့် "
YOU ARE READING
🔞သူသာလျှင် အရှင်သခင်🔞
Romance!!!ငါသာမင်းကိုပိုင်သည်!!! ကုဋေမြတ်ခမ်း !!!ဒီဘဝမှာမင်းလိုလူနဲ့ပက်သက်မိတာကို ငါနောင်တအရဆုံးဘဲ ကုဋေ!!! ဆိုင်းနေအလင်း !!!ငါမင်းကိုချစ်တယ်!! ခေါင်ရိုင်းထန် !!ကျွန်တော်ဂေးမဟုတ်ဘူး!!! ဆိုင်းကာရံလင်း