part 10

3.6K 53 1
                                    

သူသာလျှင်အရှင်သခင်

အပိုင်း 10

မရောက်တာကြာပြီဖြစ်တဲ့သူငယ်ချင်းဖြစ်သူ ကုဋေစံအိမ်ကို ခေါင်ရိုင်းထန် ရောက်လာခဲ့သည်။

တီး!!! တီး!!!

ဟွန်းရဲ့အဆက်မပျက်ကျယ်လောင်သံကြောင့် အစောင့်လည်းအပြေးတံခါးသွားဖွင့်ပေးကာ

"သခင်လေး ခေါင် "

"ဘာလုပ်နေတာလဲ ငါအရေးတကြမေးစရာရှိလို့ ဒီလောက်လောပြီးဟွန်းတီးနေတာကို "

အစောင့်ကခေါင်ရိုင်းထန်စကားကြားပြီး ခေါင်းကုတ်လျက်

"သခင်လေးက ဘာပြောသွားတာလဲ "

စံအိမ်ထဲဝင်ပြီး လောလောဆယ် အထဲဝင်လာကာ

"ကုဋေ!!

"ကုဋေမြတ်ခမ်း မင်းအပေါ်မှာရှိလား "

ခေါင်ရိုင်းထန်အော်သံကြောင့် အစေခံတွေလည်းအလန့်တကြားပင် တွေ့တာမရှောင်အကုန်စားတတ်တဲ့ စားဘဲကြီးမို့ ကောင်မလေးတွေလည်းအရှေ့ကိုမထွက်ရဲကြပေ အထိန်းတော်ကြီးရောက်လာကာ

"သခင်လေးခေါင် ဘာဖြစ်လာလို့လဲ "

"ကုဋေ အပေါ်မှာရှိလား "

"ဟို..သခင်ငယ်လေးက !!

"အပေါ်မှာရှိလားလို့ "

"သခင်ငယ်လေးအချုပ်ခံထားရပါတယ် သခင်လေးခေါင် "

"ဘာ!!

"ဘယ်ကတည်းကလဲ ..ဘယ်သူကချုပ်ထားတာလဲ ပြော အထိန်းတော်ကြီး "

"သခင်ကြီးကပါ "

"အော် !!

ကုဋေငယ်ငယ်ကလိုသူအဖေဆီ အမြဲချုပ်ခံရတာကြောင့် မအံဩတော့ပေ

"ဒီတစ်ခါရော သူကဘာလုပ်မိပြန်ပြီလဲ "

"အဲတာက မပြောကောင်းမဆိုကောင်းကောင်လေးတစ်ယောက်ကိုဖမ်းထားပြီးအဝှာပြုလို့တဲ့ "

"ဘာ ..ဒီလိုဖမ်းထားလို့ရတယ်လို့ ဘာလို့ငါ့ကိုမပြောတာလဲ "

"ဗျ..ဗျာ"

"ထားလိုက်တော့ သွားခေါ်လာခဲ့ "

"သခင်ကြီးက !!

🔞သူသာလျှင် အရှင်သခင်🔞Where stories live. Discover now