သူသာလျှင်အရှင်သခင်
အပိုင်း 12
"ကျွန်တော်တို့ ထုတ်ကုန်တွေကို ရောင်းချဖို့အတွက်စီစဉ်ပြီးသွားပြီ တကယ်လို့ အဆင်ပြေရင်ဒီ company ကို တင်သွင်းဖို့ အကြံပေးချင်ပါတယ် "
" အာမခံဘယ်လောက်လဲ "
တစ်ယောက်တစ်ပေါက် ပြောဆိုပြီးတာနဲ့ စာချုပ်ချုပ်လိုက်တော့သည် ။ အစည်းဝေးပြီးသွားတော့ ထိုလူကြီးတွေနဲ့တစ်ယောက်ပြီးတစ်ယောက်လက်ဆွဲနူတ်ဆက်ကာ
" Ceoက ဒီကိုအမြဲတမ်းပြန်မလာဘူးဆို
ကျွန်တော်တို့လည်းတိုက်တိုက်ဆိုင်ဆိုင်ကိုယ်တိုင်တွေ့ရပြီး အခုလိုပူးပေါင်းရတာ ဂုဏ်ယူမိပါတယ် "
"ကျွန်တော်တို့ဘက်ကလည်း ထပ်တူပါဘဲဗျာ "
"Ceo ရစ်ဇယ် လက်ထက်ပြီးပြီလား "
" လက်ထက်ဖို့ ရည်ရွယ်ထားတဲ့သူရှိပါတယ် "
"ဟားဟား...လက်ထက်တဲ့ချိန်ကျရင် ဖိတ်စာလေးပို့ပေးပါအုံး "
" ဟုတ်ကဲ့ပါဗျာ "
ရစ်ဇယ် လုပ်ငန်းရှင်တွေနဲ့ နုတ်ဆက်ပြီး ရုံးခန်းကိုပြန်လာခဲ့တော့သည်။ ထိုချိန် သူလက်ထောက်က ဝင်လာကာ
"Ceo အဝတ်စားလဲတော့မှာလား "
"အင်..ယူလာခဲ့ "
ရစ်ဇယ်အဝတ်စားပြင်ဝတ်ကာ အသင့်ရှိနေတဲ့ ဆိုင်ကယ်တစ်စီးယူပြီး မောင်းထွက်သွားတော့သည် ။ သူရဲ့ဦးတည်ရာက သူမိဘတွေရှိတဲ့ အိမ်ကိုပင်
အတော်ကြာအောင်မောင်းပြီး တိုက်ကြီးရှေ့မှာရပ်လိုက်ကာ ထိုတိုက်ထဲဝင်သွားတော့သည် ။
သူအထဲဝင်လိုက်တာနဲ့ အလုပ်သမားတွေလည်းဦးညွတ်ကာ တစ်ယောက်ယောက်ကိုသတင်းပို့ပေးလိုက်သည် ။
" သားလေးဇယ်လာ ??အချစ်ရေ လာကြည့်ပါအုံး သားလေး ဇယ်လာပြန်လာတယ် "
မာမီ!!!
သူရဲ့မာမီပါးနှစ်ဖက်ကို နမ်းလိုက်ပြီး နူတ်ဆက်ကာ မမြင်ရတာကြာပြီဖြစ်တဲ့သားကို နူတ်ဆက်လို့မပြီးနိူင်ပေ

YOU ARE READING
🔞သူသာလျှင် အရှင်သခင်🔞
Romansa!!!ငါသာမင်းကိုပိုင်သည်!!! ကုဋေမြတ်ခမ်း !!!ဒီဘဝမှာမင်းလိုလူနဲ့ပက်သက်မိတာကို ငါနောင်တအရဆုံးဘဲ ကုဋေ!!! ဆိုင်းနေအလင်း !!!ငါမင်းကိုချစ်တယ်!! ခေါင်ရိုင်းထန် !!ကျွန်တော်ဂေးမဟုတ်ဘူး!!! ဆိုင်းကာရံလင်း