MGH

1.1K 56 8
                                    

"ဟျောင့် Jungkook မင်းကြောက်မနေစမ်းနဲ့ကွာ မင်းဒီလို ငကြောက်လုပ်နေရင် မင်းကိုကို သူများနောက်ပါသွားမှာနော်"

သူများနောက်ပါသွားမည်ဆိုတယ့် စကားကြောင့်Jungkook မျက်ဝန်းတွေဟာ ချက်ချင်း အရည်ကြည်လဲ့လာတာကြောင့် စနောက်မိသည့်Seokjinကပင် ပြန်ချော့ရသည်

"ဟေ့ မငိုနဲ့လေကွာ ငါကစတာကို မင်းကလည်းငိုမယ်ချည်းပဲ"

"ဟင့် ကျွန်တော်က အငြင်းခံရမှာကြောက်လို့ပါဆို hyung ကလည်း အီးးးး'

အာဗြဲကြီးနဲ့ငိုချပါသော သောက်ကလေးကြောင့်Seokjinမှာခေါင်းမီးတောက်သွားရသည်

မဟုတ်ရင် အဒေါ်တို့က သူ့သားကိုငိုအောင်လုပ်ပါတယ်ဆိုပြီး အထုခံရအုန်းမယ်

"မငိုနဲ့လို့ ငါအောင်သွယ်ပေးမှာမို့ တိတ်တော့ အေးနော် မတိတ်ရင် ငါမင်းနဲ့အောင်သွယ်မပေးဘဲ ငါ့သူငယ်ချင်းနဲ့ပဲ ချိတ်ပေးလိုက်တော့မှာ"

"hyung!!!"

"မင်းနဲ့ပဲ ချိတ်ပေးမယ်လို့ နား°နားကိုကပ်မအော်စမ်းပါနဲ့ အာပြဲစိန်ရယ့်"

လူကချစ်ဖို့ကောင်းသလောက် အသံကလဲ ပြဲလိုက်တာမှ မယုံနိုင်လောက်အောက်ပဲ
သူတောင်အရှုံးပေးရသည်အထိပင်

"Taehyungငါမင်းကို အကူအညီတောင်းစရာရှိလို့"

"ဟင် Seokjin Hyungက ဘာအကူအညီတောင်းချင်လို့လဲ"

"စိတ်တော့ မဆိုးနဲ့နော် "

"ဆိုးစရာလား Hyungရယ့် ကျွန်တော်သေချာပေါက်ကူညီမှာမို့ပြောပါ"

Seokjin ထိုအခါမှအားတင်းပြီးသာပြောရတော့မည်

"ငါ့ညီလေးက မင်းကိုသဘောကျနေတာလေ အဲ့တာ သူကမင်းကိုဖွင့်ပြောဖို့ ကြောက်နေတာ အဲ့ဒါ ငါက သူ့ကိုမင်းကိုပြောကြည့်ပေးမယ်ပြောထားတာ‌ အဲ့တာ မင်းသူ့ကိုတစ်ခါလောက်သူနဲ့dateပေးလို့ရမလား"

"ဗျာ..."

"စိတ်တော့ မဆိုးပါနဲ့နော် ငါလဲသူ့ကိုပြောထားမိလို့။သူ့မှာ ငါတစ်ခွန်းစတာနဲ့ ငိုနေတော့တာ"

"စိတ်မဆိုးပါဘူး hyungရယ့် ကျွန်တော်ပထမဆုံးယောကျာ်းလေးတစ်ယောက်နဲ့ dateရမယ် ဆိုတော့ အံ့ဩသွားလို့ပါ ကျွန်တော်ကူညီပေးပါ့မယ်"

My Green HeartyWhere stories live. Discover now