MGH 5

158 21 2
                                    

Unicode

"ကိုကို..."

အရှေ့ကနေ ခြေဆောင့်လျက်သား ထွက်သွားတဲ့ ကိုကို့နောက်ကို ဂျောင်ဂုတစ်ယောက် အပြေးအလွှားလိုက်နေရပြီဖြစ်သည်။

စိတ်ကြီးတဲ့ စနေသားကိုမှ သွားစမိသည့် ကိုယ့်ကိုကိုယ်လဲ ‌နောင်တရလို့မဆုံး။

ဘတ်စ်ကားမှတ်တိုင်ရှေ့မှာလဲ ဆွဲလားရမ်းလားလုပ်လို့အဆင်‌မပြေတာမို့  ဂျောင်ဂု ထယ်ယောင်း လက်ကလေးကိုသာ ကိုင်ကာ ချော့မော့ရတော့သည်။

သို့သော် လက်ကိုဆွဲလို့မရအောင် အသေပိုက်ထားတာကြောင့် ဂျောင်ဂု ဆွဲချွတ်လို့လဲ မရ။

"ကိုကိုရယ်...မောင်တောင်းပန်ပါတယ်နော်"

"သွားစမ်းပါ မင်းကောင်မတွေနဲ့ပဲသွားနေ"

"မောင်က ကိုကိုနဲ့ပဲနေချင်တာ"

"သောက်ပိုတွေလာပြောနေတယ် သူတောင်းစားကောင်"

ကိုကို့ရဲ့ကျိန်ဆဲသံလေးက ချစ်ဖို့အရမ်းကောင်းနေတာမို့ ဂျောင်ဂု ရယ်မိပါသည်။

သို့သော်လဲ ဘာလို့ရီတာလဲ ဆိုပြီး မျက်စောင်းစူးစူးကကျရောက်လာတာကြောင့် အမြန်ပင် ပါးစပ်ကိုစိလိုက်ရသည်။

"ကိုကိုကလဲဗျာ"

မတ်တပ်ရပ်ပြီး စိတ်ကောက်ရတာ ညောင်းသွားပုံရသည့် ကိုကိုက ခုံတန်းပေါ်ဝင်ထိုင်တော့ ဂျောင်ဂုကလဲ လူတွေကြား ကျပ်တောက်နေသည့်ကြားမှ ဘေးနားဝင်ထိုင်ပြီး အပူကပ်ရသည်။

ထယ်ယောင်း သူ့ဘေးနားက တကိုကိုနှင့် လိုက်ချော့နေသည့် ဂျောင်ဂုကိုတစ်ချက်ကြည့်မိသည်။

သူစိတ်ကောက်ပြီထွက်လာတာမို့ အဝတ်အစားလဲချိန်တောင်မရလိုက်တဲ့ ဂျောင်ဂုက ‌ကိုယ်ကျပ်အကျီလက်ပြတ်နှင့် ဒူးအထက်ဘောင်းဘီတိုဖြင့်သာမို့ လက်မောင်းကြွက်သား ပေါင်ကြွက်သားတွေက အထင်းသားမြင်နေရသည်။

ချွေးစတွေကပ်ညိနေသည့် ဆံပင်စတွေက နဖူးပေါ်ကို ဝဲကျနေပြီး သူ့အရှေ့ကဂျောင်ဂုဟာ 18 နှစ်အရွယ်နှင့်မလိုက်အောင်ကိုသိပ်ဆွဲဆောင်မှုရှိလွန်းတဲ့ ယောကျာ်းသားတစ်ဦး။

My Green HeartyWhere stories live. Discover now