"မောင် ဘေဘီ့ကိုလိုချင်တယ်"
"အင်း..မောင့်သဘောအတိုင်း လုပ်ခွင့်ရှိပါတယ်"
သူ့မျက်နှာကို စိုက်ကြည့်နေသည့် မောင့်မျက်ဝန်းတွေက ကြည်လဲ့နေသည်။
မောင်ဟာ လှဲနေရမှထယ်ယောင်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ထိုင်လိုက်သည်။
မောင်က ထယ်ယောင်းရဲ့ ရင်ခွင်ထဲကို တိုးဝှေ့လာသည်။
ထယ်ယောင်းရဲ့ရင်ခွင်ဟာ မောင့်အတွက်နွေးထွေးစေခဲ့မယ်လို့ ထယ်ယောင်းဆုတောင်းပါသည်။
မောင်က သက်ပြင်းအရှည်ကြီးကိုချကာ စကားဆိုလေသည်။
"ဒီတိုင်းလေးပါပဲ...မောင်ဒီလိုလေးပဲ နေချင်ရုံပါပဲ"
မောင့်ရဲ့အသံတွေဟာ အဖျားစွန်းမှာ တုန်သွားသည်။ မောင်ငိုတော့မည်လား..။
ထယ်ယောင်း တုန်ရီလာတဲ့ မောင့်ခန္ဓာကိုယ်ကို ဆွဲခွာကြည့်ပေမယ့် မောင်ဟာ တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားဆဲ။
"ဒယ်ဒီကလေ...မုန်းစရာကောင်းလိုက်တာ သူ့ရဲ့ေနာက်ဆုံးမွေးနေ့လက်ဆောင်က မောင့်အတွက် သိပ်ဝမ်းနည်းဖို့ကောင်းတာပဲ"
ရှိုက်သံတွေထပ်နေခဲ့သည်။ ထယ်ယောင်းရဲ့ နှလုံးသားဟာလဲ နာကျင်ခဲ့သည်။
မောင့်ရဲ့ ငိုရှိုက်သံတစ်ချက်ဟာ သူ့ရဲ့နှလုံးသားကို စူးပမာ လာရောက် ပင့်သက်၏။"မောင်ရယ်...မွေးနေ့ကြီးမှ မငိုရဘူးလေ"
မောင်က ထယ်ယောင်းရင်ခွင်ထဲမှ ထွက်ကာ ထယ်ယောင်းကိုစိုက်ကြည့်နေခဲ့သည်။
မောင့်မျက်လုံးဝိုင်းဝိုင်းတွေဟာ ညှိုးမှိုင်နေသည်။ မျက်ရည်ကြည်တွေကြောင့် လရောင်အောက်မှာ ကြယ်သဖွယ်အရောင်တွေလက်နေခဲ့ပေမယ့် ဝမ်းနည်းဖို့ကောင်းလှသည်။
ပါးပြင်ပေါ်က မျက်ရည်စတွေကို ထယ်ယောင်း သုတ်ပေးရင်း ကိုယ်တိုင်ကပါ မျက်ရည်တွေစီးကျနေခဲ့သည်။
ချစ်ရသူပျော်ရင် ကိုယ်ပျော်သည်။
ချစ်ရသူနာကျင်ရင် ကိုယ်လဲနာကျင်ရသည်။"ကင်မ်ထယ်ယောင်း ရှိနေသေးလို့ တော်သေးတာပေါ့ ကင်မ်ထယ်ယောင်းရှိနေခဲ့လို့..."