"ကျွန်တော်က ရိုးရိုးသားသားပဲ Hyung"
"မင်းကျပ်ကျပ်သတိထား Jeon Jungkook"
"Hyung သာ သူများအတွဲကြားဝင်မပါပါနဲ့ဗျာ"
"အမယ် ဒီသောက်ကလေး ငါဒယ်ပြားနဲ့ထုလိုက်လို့ ခေါင်းပြားသွားမယ်နော်"
"တော်ပြီ Hyung ကို မေမေနဲ့တိုင်မယ်"
"တိုင်လေ တိုင်ရုံမကလို့ တိုင်နဲ့ခေါင်းကိုဝင်ဆောင့်လဲ ဘာမှမဖြစ်ဘူး"
ဆူအောင့်ကာ အပေါ်ကိုတက်သွားတယ့် Jungkook ကိုကြည့်ပြီး Seokjin မှာ နားထင်ကိုသာ နှိပ်နေရသည်
မနက်ဖြန်ကျရင်တော့ Taehyung ကိုအကျိုးအကြောင်းမေးအုန်းမှပါလေ။
"အားးရှ် သူပဲ ဘာမှမလုပ်နဲ့ဆိုလို့ ငြိမ်နေရတာကို လူကိုဘာတွေလာပြောနေတာလဲမသိဘူး"
Jungkook နာနေတယ့်နားရွက်ကို ကိုင်ကာ
Gym သွားရမယ့် အချိန်မို့ ရေမိုးချိုးရန်ပြင်လိုက်သည်အကျီချွတ်လိုက်တော့ ကိုယ်လုံးပေါ်မှန်ပြင်မှာ မြင်လိုက်ရတယ့် မိမိရဲ့ body အချိုးအစားကြောင့် ပြုံးမိသည်
"တော်တော်တိုးတက်လာပြီပဲ.."
အားရကျေနပ်ဖြစ်သွားရတာကြောင့် သပတ်ကို ယူကာ ရေချိူးခန်းထဲသာ ဝင်လာလိုက်သည်
///
"ဒါက ဘယ်လဲ"
အကျီအကျပ်ကိုဝတ်ထားတယ့် Jungkook ရဲ့ပုံစံကြောင့် Seokjin မမြင်ဖူးသည့် ပုံစံမို့ သေချာစွာကြည့်နေမိသည်
"အဲ့လောက်ကြီးကြည့်မနေနဲ့ ကျွန်တော်ချောတာကျွန်တော်သိတယ်"
"ငါ့လောက်ချောမှ လာပြော"
"ကျွန်တော့်လိုရည်းစားရှ်ိမှလာပြော"
"ငါကမထားချင်လို့ မင်းလိုသူရဲဘောကြောင်ပြီး အကိုဖြစ်သူချိတ်ပေးစရာတောင် မလိုဘူးသိလား"
"ချစ်တာလို့ခေါ်တာဗျ Hyung ကိုဒီလိုစကားတွေပြောလဲ နားမလည်မယ့်အတူတူ သွားတော့မယ်"
"ငါ့အတွက် မုန့်ဝယ်လာခဲ့"
"Money ??"
လက်ဟန်နဲ့ ပိုက်ဆံလာတောင်းနေတယ့် သကောင့်သားလေးကို ပြုံးပြကာ အနားလာခိုင်းလိုက်သည်
![](https://img.wattpad.com/cover/368027158-288-k396866.jpg)