ကုတင်ထက်ဝယ် လွတ်ထွက်တော့မည်အလားဖက်တွယ်လျက် မွတ်မွတ်သိပ်သိပ်နမ်းရှိုက်နေကြသည့် ယောကျာ်းပျိုနှစ်ဦး။
ထယ်ယောင်းဟာ ကုတင်ခေါင်းရင်းကို ကျောမှီလျက်သားရှိပြီး ဂျောင်ဂုကတော့ထယ်ယောင်းကို အုပ်မိုးရင်းနမ်းရှိုက်လျက်ရှိသည်။
ပတ်ဝန်းကျင်ကိုမေ့လျော့နေခဲ့ပါသည့် သူတို့နှစ်ဉီးသား။
"ဂျွန်ဂျောင်ဂု!!!"
အခန်းပေါက်ဝကနေဟိန်းထွက်လာတဲ့ ချစ်ရပါသော အစ်ကိုဆော့ဂျင်ရဲ့အသံ။
အနမ်းမိုးဟာလဲ ပြတ်စဲသွားခဲ့ပြီး ထယ်ယောင်းအပေါ် အုပ်မိုးလျက်သားရှိနေသည့် ဂျောင်ဂုဟာလဲ ဆော့ဂျင်၏ ခြေထောက်သိုင်းကျွေးတာခံလိုက်ရပြီး ကုတင်အောက်ဘက်ကို ထွက်ကျသွားသည်။
ရုတ်တရက်ဖြစ်တာကြောင့် အထိနာသွားသည့် ဂျောင်ဂုမှာ အော်တောင်မအော်နိုင်လောက်တဲ့အထိ အီစိမ့်သွားရသည်။
ထယ်ယောင်းမှာလဲ ငိုမဲ့မဲ့ဖြစ်နေသည့်မောင့်ကိုမြင်မှ အသိစိတ်ဝင်ကာ ထူလိုက်မည်လုပ်သော်လဲ ဖမ်းဆွဲခြင်းခံလိုက်ရတဲ့လက်တစ်ဖက်။
"အဲ့ဒီကောင်နားမှာ မနေနဲ့ထယ်ယောင်း အရမ်းအန္တရာယ်များတယ်"
ကုတင်ထက်ကနေဆွဲခေါ်လျက် ဆော့ဂျင်ရဲ့ခေါ်ဆောင်မှုအောက်မှာ ယက်ကန် ယက်ကန်ဖြင့်သာလိုက်ပါလာခဲ့ရသည့်ထယ်ယောင်းမှာ ဂျောင်ဂုအား အဆင်ပြေလားဟုတောင်မေးခွင့်မရှိခဲ့။
"ဟျောင်း.."
"သူ့အတွက်စိတ်ပူမနေနဲ့ အဲ့ကောင်က ဒီလောက်နဲ့တော့ မသေသွားဘူး ဟျောင်းသွားခေါ်လိုက်မယ် ဒီမှာထိုင်စောင့်နေ"
ထယ်ယောင်းကို ထိုင်ခုံမှာထိုင်စေလျက် ပြန်လှည့်ထွက်သွားသည့်ဟျောင်းရဲ့အနောက်ကိုလိုက်မည်ကြံခဲ့သော်လည်း အထာနပ်နေပြီဖြစ်သည့် ဆော့ဂျင်က အကြည့်စူးစူးပေးလာတာမို့ ကြွဖို့ဟန်ပြင်နေသည့်ဖင်လေးမှာထိုင်ခုံပေါ်မှာသာ ပြန်ထိုင်လိုက်ရသည်။
အခန်းထဲမှာ ငိုမဲ့မဲ့နှင့်သာ ကျန်ခဲ့သည့် ဂျောင်ဂုမှာတော့ ဆော့ဂျင်ရဲ့မွေးနေ့လက်ဆောင်လှလှလေးကြောင့် အီစိမ့်လျက်ရှိသည်။